Part 15

23.1K 1.1K 13
                                        

Unicode

"Baby ဒီတစ်ပတ်ပိတ်ရက် ကျွန်တော့်ကိုအချိန်ပေးအုန်းနော်"

......

"လေးလေးနဲ့ တရားဝင်မိတ်ဆက်ပေးမယ်လေ၊ လာခေါ်မယ်"

........

"ဘာမှ ယူလာစရာမလိုဘူး တိုင်း၊ လူပဲလာရင်ရပြီ"

.......

"ပြွတ်! ပြွတ်! ဘိုင့်ဘိုင်"

တိုင်းဦးစက်မုန်ဖုန်းချလိုက်ပြီး စဉ်းစားမိတာရှိ၏။ အငယ်ကအားလုံးအဆင်ပြေနေတယ် ဒါဆိုသူကရော။ သူလဲအိမ်နဲ့မိတ်ဆက်ပေးမှ ဖြစ်မည်။ ကိုယ်ကအကြီးဖြစ်လင့်ကစားကိုယ်ကပဲဦးဆောင်သင့်တယ်လေ။ ရုံးကပြန်ရင်တော့ ဖေဖေနဲ့မေမေကိုအတိအလင်းပြောပြဖို့ဆုံးဖြတ်လိုက်၏။

လေချွန်ကာအိမ်ထဲဝင်လာတဲ့ တိုင်းဦးစက်မုန်ကို ဒေါ်မေမိုးဧည့်ခန်းမှာထိုင်ကာ ကြည့်နေလိုက်၏။ သူမသားကအရမ်းလွတ်နေသလိုပင်။ ဟိုကောင်လေးနဲ့ပေါင်းပြီး ဖြစ်ချင်တိုင်းဖြစ်နေတာလို့သူမမြင်၏။ ကိုယ်က ဆိုင်ကိုလိုက်မသွားသည့်တိုင်အောင် ပြန်ကြားနေရတာတွေကအဆင်မပြေ။ ဟိုကောင်လေးက သူ့အိမ်သူရာလိုဝင်ထွက်နေသည်တဲ့ ခွင့်တောင်မတောင်း။

"သား"

"အော် မေမေ အတော်ပဲ သားပြောစရာရှိတယ် ဖေဖေ့ကိုသားသွားခေါ်လိုက်အုန်းမယ်"

စက်မုန်ဖေဖေ့ကို သွားခေါ်ပြီး မေမေနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်၏။

"သားက ဖေဖေရောမေမေရောပါ လူစုံခေါ်တာဆိုတော့ ပြောစရာကအရေးကြီးနေပြီထင်တယ်"

ဦးစက်သွင်ကစကားစလိုက်၏။ သူလဲ သူ့အမျိုးသမီးဖြစ်သူဆီက ကြားသင့်သလောက်ကြားနေပြီမဟုတ်လား။ သားပုံကြည့်ရတာလဲ အချစ်မှာပျော်ဝင်နေတဲ့ပုံစံ။ အလုပ်ကြောင့်ပင်ပန်းရင်တောင် မျက်နှာမှာညှိုးနေတယ်ရယ်မရှိ။

"ဟုတ်‌တယ် ဖေဖေ၊ သား လာမယ့်ပိတ်ရက် အငယ်တို့အိမ်သွားမလို့"

"အငယ်!"

ဒေါ်မေမိုးက အမေးစကားဆိုသလိုရေရွတ်လိုက်သည်။ ဦးစက်သွင်ကတော့ ဒီကိစ္စကိုဝင်မပြော။ မိန်းမဖြစ်သူက သူ့ကိုတားထားတယ်မလား။ သားကဒီဆက်ဆံရေးမှာအကောင်းဆုံးဖြစ်နေပေမယ့်အမျိုးသမီးဖြစ်သူကမကြိုက်တော့ အမျိုးသမီးရဲ့စိတ်တိုင်းကျသူတိတ်နေပေးရ၏။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now