Part 13

21.6K 1.1K 8
                                    

Unicode
(Warning !)

"လေးလေး Villa ကအကြီးကြီးမဟုတ်ဘူးနော် ခြံစည်းရိုးကို ခါးတစ်ပိုင်းကျော် ၅ပေလောက်ပဲလုပ်ပေး၊ ခြံစည်းရိုးမှာ အရောင်မတူတဲ့ ပန်းတွေစိုက်ပေး၊ ပြီးတော့ Villa ကိုတစ်ထပ်တိုက်အသေးအပုလေးပဲလုပ်ပေး၊ အထဲကိုမခင်းဘူး အရှေ့အနောက်အကုန် မြေကွက်လပ်တွေပဲထားမယ်"

သူလိုချင်တာတွေပဲပြောချသွားတဲ့တူတောင်မောင်က ရေပက်မဝင်ပြော၏။

"နေပါအုန်း သားရယ် ဖြေးဖြေးပြောပါ"

"ဟဲဟဲ ဆောက်လုပ်ရေးကစနေပြီမလား လွဲသွားမှာဆိုးလို့ သားသွားကြည့်လဲရိပ်မိမှာ လေးလေးသွားကြည့်လဲရိပ်မိမှာလေ အဲ့ဒါကြောင့်"

"ဟုတ်ပြီ ဟုတ်ပြီ၊ ခြံစည်းရိုးအုတ်တံတိုင်းကို ၅ပေအမြင့်လောက်ပဲလုပ်ပြီး အရောင်မတူတဲ့ပန်းတွေ အပြည့်စိုက်မယ်၊ အထဲက မြက်ခင်းတွေကို ဒီအတိုင်းထားမယ် ဟုတ်တယ်နော်"

"ကွတ်တိမှန်တယ်၊ ပန်းက စက္ကူ‌ပန်းရောင်စုံဆိုကောင်းမယ်နော်"

"အင်း လေးလေးပျိုးပင်မှာပေးမယ်"

Villa ကိုတူတော်မောင်က ခပ်သေးသေးလေးလုပ်ချင်နေပုံရတယ်။ ခြံကိုတော့ကျယ်ကျယ်ဝယ်နော်တဲ့ အိမ်ပဲခပ်သေးသေးဆောက်ပေးတဲ့။ အထဲမှာလဲ ကွန်ဂရစ်တွေမခင်းခိုင်း မြေသားအတိုင်းရှိချင်လို့ဆိုလာ၏။ နောက်ဖက်မှာလဲ မြေကွက်လပ်ပဲထားခိုင်းထားသည်။ သူကတော့ ရေကူးကန် ခပ်သေးသေးထည့်ဆောက်ဖို့ပြောထား၏။ ‌ဦးခက်မုန်းမှာ သန့်စင်ကိုအကူအညီတောင်းပြီး သူတို့နာမည်မထွက်အောင်လုပ်ထားရတာဖြစ်သည်။

"လေးလေး"

"ဟေ"

"ဟိုတစ်ခါ လေးလေးဆီက ကျောက်ဝယ်တဲ့တစ်ယောက်လေ"

"ဘယ်တစ်ယောက်လဲ"

"သားကို သွားပို့ခိုင်းတာလေ၊ ကျောက်ထွက်တဲ့ဆီကလာပြီး ကျောက်ပြန်ဝယ်နေတယ်လို့ သားပြောလိုက်သေးတယ်လေ"

"အင်း မှတ်မိပြီ၊ သူကဖောက်သည်မဟုတ်ပါဘူးသားရဲ့ အဲ့တစ်ခါပဲဝယ်တာ၊ ဘာဖြစ်လို့လဲ သား"

ခက်ထန်ပျိုခေါင်းခါလိုက်၏။ အဲ့လူကိုသူ တိုင်းဆီသွားတုန်းကတွေ့လာတယ်မလား။ ဒီလူကဘာလဲ သူတို့ဆီကကျောက်ကိုဝယ်ပြီး အခု Treasure ကိုဘာကိစ္စရောက်နေရတာလဲ။ ဝယ်သူတော့မဟုတ်နိုင် ဟိုအိတ်ထဲပိုက်ဆံထည့်နေတဲ့ဝန်ကြီးသားရောတွေ့ခဲ့တယ်လေ။ Treasure jewellery ကိုလာတွေ့တယ်ဆိုတော့ jewellery ပိုင်းမှာတစ်ခုခုဆက်နွယ်နေသည့်ပုံ။ သူဒီလူကိုစိတ်တိုင်းမကျ။ ဒီလူ မင်းခေါင်အကြောင်းကိုသူစုံစမ်းမှဖြစ်မည်။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now