Unicode
(ကလိကလိကလဲ ဖြစ်နိုင်လွန်းတယ်)
"အစ်ကို နားလိုက်တော့၊ အရေးပေါ်ကုသမှုလဲပြီးပြီ စိတ်ချရပြီလေ၊ သတိပြန်ရဖို့ပဲစောင့်ဖို့လိုတော့တယ်လေနော်"
"ဟုတ်တယ် အစ်ကို ခဏနားလိုက်ပါ"
ရှိုင်းနဲ့မိုင်းဇက်မှာ စက်မုန်ကိုတိုက်တွန်းနေရ၏။ ခက်ထန်ကအခုအသက်ရှူနှုန်းတွေ ကလီစာအလုပ်လုပ်တာတွေ ပုံမှန်ပြန်ဖြစ်သွားပြီး သတိပြန်ရလာဖို့ပဲရှိတော့၏။ မိုင်းဇက်ရော ရှိုင်းရော လဝန်းရော အခန်းထဲမှာရှိ၏။ ရှိုင်းကိုယ်တိုင်လဲအိမ်မပြန်ပေမယ့် ရှိုင်းကအိပ်လိုက်သေးတာဖြစ်ပြီး မိုင်းဇက်ကလိုတာတွေလုပ်ပေး၏။
"အစ်ကို နားလိုက်နော် အိမ်ပြန်မနားချင်လဲ ဟိုဘက်ကုတင်မှာ ခဏနားလိုက်ပါ၊ အထန်နိုးလာတာနဲ့ လဝန်းနှိုးပေးမယ်နော်"
လဝန်းကပါ ဝင်ဖြောင်းဖျရ၏။ လေးလေးကတော့ ခက်ထန်စိတ်ချရပြီဆိုမှ တရားရေးရာပိုင်းဆောင်ရွက်ဖို့လုံးပမ်းရသည်။ ဦးသိန်းဆောင်နဲ့အပေါင်းအပါတွေကို မိသွားပြီး သူတို့ထဲက ရှိုင်းရဲ့လူက သတင်းပေးလာတာဖြစ်၏။ ခက်ထန်ကိုကယ်ရန်ကျန်ခဲ့ဖို့လုပ်ပေမယ့် ကျောက်တွင်းမှာတုန်းက ခက်ထန်ကိုယ်တိုင်သူ့ကိုတားလိုက်တယ်မလား။ အကယ်၍ အသက်အန္တရာယ်ဖြစ်မယ်ဆိုလဲ တစ်ယောက်နဲ့တင်လုံလောက်တယ်လေ၊ ဦးသိန်းဆောင်ကဘယ်လိုပဲဖြစ်ဖြစ် ပုန်းရှောင်မှာပဲ။ ဒါကြောင့် ဒီကောင်လေးကို ရှိုင်းကိုတိုင် ဦးသိန်းဆောင်နောက်ကိုလိုက်ခိုင်းပြီး တည်နေရာကို သတင်းပေးခိုင်းထားတာဖြစ်၏။ ဒီအကြောင်းကို သူတို့အကုန်အခုမှသိရတာဖြစ်ပြီး ရှိုင်းကိုယ်တိုင်က ဒီကောင်လေးဦးသိန်းဆောင်နောက်ပါသွားပြီထင်နေတာ။ ကြားထဲမှာ ခက်ထန်အဆက်အသွယ်လုပ်ကာ တိုက်ရိုက်ညွှန်ကြားထားတာကို သူတို့အကုန်အခုမှသိရတာဖြစ်၏။ နောက်ပြီး ကျောက်တွင်းရဲ့နောက်ဖက်မှာ ထွက်လို့ရအောင် တူးပြီးပြန်ပိတ်ထားဖို့လုပ်ပေမယ့် အချိန်မရှိတော့တာကြောင့် တူးခန်းမရောက်လိုက်ပဲ ခက်ထန်ကိုယ်တိုင်အထဲမှာ ပိတ်မိသွားတာလို့ပြော၏။
စက်မုန်မှာခက်ထန်ဘေးကမခွာပဲ စိတ်ချလို့အခန်းထဲသယ်လာထဲက လက်ကိုကိုင်ထားတာမလွှတ်။ အမှန်ဆို သူမအိပ်ရတာ ဘယ်နှစ်ရက်ရှိပြီလဲမသိ။ ရေလဲမချိုးရနှင့် လူပုံက အနည်းငယ်ပိန်သွားပြီး နှုတ်ခမ်းမွှေး မှုတ်ဆိတ်မွှေးတွေက တိုစိတိုစိထွက်နေ။ မျက်တွင်းတွေလဲ ကျနေကာ လူပုံကလုံးဝကြည့်မကောင်းတော့။ စက်မုန်ကိုယ်တိုင် အိပ်ဖို့ခေါင်းထဲမှာ လုံးဝမရှိ။ သူအိပ်နေချိန် အငယ်တစ်ခုခုထပ်ဖြစ်မှာ သူမလိုလား။ အငယ်နိုးလာချိန် သူမသိလိုက်ပဲနေမှာလဲမကြိုက်။ နောက်မှာ လူသံတွေကြားနေပေမယ့် ဘယ်သူတွေမှန်းလဲသူမသိတော့။
YOU ARE READING
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
