Unicode
(Warning !)
လမ်းမပေါ်ပြေးနေတဲ့ကားလေးထဲမှာ မောင်းသူက ခက်ထန်ပျိုဖြစ်ပြီးလိုက်ပါသူက တိုင်းဦးစက်မုန်ဖြစ်၏။ ခက်ထန်ပျိုရဲ့ လက်တစ်ဖက်က steering wheel ကိုကိုင်ထားပြီးနောက်တစ်ဖက်က တိုင်းဦးစက်မုန်လက်တွေနဲ့ယှက်ကိုင်ထားတယ်မလား။ ဒီနေ့ကတိုင်းဦးစက်မုန်ကို ခေါ်ပြီး လေးလေးနဲ့တရားဝင်မိတ်ဆက်ပေးမယ့်နေ့ပဲလေ။ အိမ်ကြီးထဲကိုကားကကွေ့ကောက်စွာဝင်သွားတော့သည်။ အိမ်ပေါက်ကျော်ပြီးကားကိုရပ်လိုက်ကာ နှစ်ယောက်သားကားတံခါးဖွင့်ဆင်းလာတော့၏။ တစ်ဖက်မှဆင်းလာတဲ့ခက်ထန်က စက်မုန်ဘက်သွားကာ လက်ဖြန့်လိုက်၏။ ဖြန့်လိုက်တဲ့လက်အပေါ်ကိုလက်ချောင်းတွေယှက်ကာအုပ်ကိုင်လိုက်ပြီး နှစ်ယောက်သားရယ်ကာ အိမ်ထဲဝင်လိုက်သည်။ သူတို့အထဲရောက်တာနဲ့ လေးလေးအခန်းထဲကထွက်လာတာနဲ့တိုးတော့၏။
"ရောက်လာကြပြီလား လာလာမောင်တိုင်းဦးစက်မုန် ထိုင်"
"ဟုတ်ကဲ့ဗျ"
လေးလေးကဆိုဖာတစ်ခုမှာဝင်ထိုင်ပြီး စက်မုန်နဲ့ခက်ထန်က ဆိုဖာတစ်ခုမှာဝင်ထိုင်၏။
"လေးလေး"
"ဟေ"
"တွေ့လား လေးလေးက ကျွန်တော်ပြောပြီးသားကို"
လေးလေးရှေ့မှာ ဒါကျွန်တော့်ချစ်သူပါလို့မိတ်ဆက်ပေးမလို့ အနည်းငယ်ရှက်ကာစကားကထွက်မလာ။
"သား ပြောပြီးသားသိတယ်လေ၊ သားပဲမိတ်ဆက်ပေးမယ်ဆိုလို့ လေးလေးကနားထောင်နေတာ"
တိုင်းဦးစက်မုန်ရယ်လိုက်၏။ အငယ်ကသူ့အုပ်ထိန်းသူလေးလေးရှေ့မှာ ရှက်နေတာ။ ကြားကပဲ သူကမနေနိုင်စွာ
"အငယ်ခေါ်သလိုပဲခေါ်မယ် အဆင်ပြေလား လေးလေး"
"ဟေ အေးအေး ပြေပါတယ်"
"ကျွန်တော် တိုင်းဦးစက်မုန်ပါ ခက်ထန်ပျိုရဲ့ချစ်သူပါ"
"အင်းအင်း သားကရှက်နေတော့လဲ မတော်ရသေးတဲ့ တူသမက်က ကိုယ်တိုင်မိတ်ဆက်ရတော့တာပေါ့"
"ဘယ်မှာရှက်လို့လဲ"
"အေးပါ အေးပါ မရှက်ပါဘူး"
ESTÁS LEYENDO
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasíaTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
