Part 7

27.2K 1.4K 50
                                        

Unicode

တိုင်းဦးစက်မုန် သူ့ရဲ့ PA ဖြစ်သူဟိန်းသော်နဲ့အလုပ်အချိန်ဇယားတွေညှိနေတာ။ သူ၂ရက်အတွင်း အလုပ်အပြတ်ဖြတ်ရမယ်လေ။ သူ မရှိမယ့်ရက်မှာတွေ့ဖို့ချိန်းထားတဲ့သူတွေကို နောက်ဆုတ်ခိုင်းလိုက်သည်။ သေချာတယ် ဒီခရီးမှာ ဟိုသုံးကောင်ကပါအုန်းမှာ။ ကလောဆိုတဲ့အသံကြားပြီး သွားမယ့်ရက်ပဲသိပြီးကျန်တာဘာမှမသိပေမယ့် အငယ်နောက်ကိုလိုက်သွားချင်နေတယ်။ ဟိုမှာဆုံမှာလား မဆုံမှာလားမသေချာပေမယ့် အငယ်ရှိ‌တဲ့နေရာမှာရှိချင်တယ်။

"ဟိန်းသော် Apex ကစာချုပ်ထဲကအချက်အလက်တွေကိုဘာပြောသေးလဲ"

"မနက်ကမှအကြောင်းပြန်တာအစ်ကို အဆင်ပြေတယ်တဲ့၊ ဆိုင်နာမည်တော့ရွေးတုန်း၊ ဆိုင်‌ဖွင့်မယ့်နေရာကို ကျွန်တော်တို့ဘက်ကပဲကြည့်လိုက်ပါတဲ့၊ ဒီဇိုင်းလဲစလို့ရပြီအစ်ကို"

"အိုကေ ကောင်းတယ်၊ ဆိုင်ကို သီးသန့်ဆန်စေချင်တာ နေရာကောင်းကိုရှာထားလိုက် ဟိန်းသော်၊ ကျောက်မျက်ပိုင်းကသူတွေရော ဒီဇိုင်းပိုင်းကတစ်ချို့ကိုရော ဒီအတွက်သီးသန့်လုပ်မယ့်သူ့ကို ထပ်ရွေးထုတ်လိုက်၊ jewellery တွေအတွက်ဒီဇိုင်းကရှိပြီးသားလူမလောက်ရင် အသစ်ခေါ်ဖို့ကြေငြာရင်ကြေငြာလိုက်"

ဟိန်းသော်မှာလဲ စာအုပ်လေးနဲ့သူ့ဆရာပြောတာတွေအကုန်လိုက်မှတ်နေရသည်။ အစ်ကိုစက်မုန် ဒီအတွက်လိုတာထက်ပိုကြိုးစားနေသလိုပဲ။

"အစ်ကို"

"အင်း"

"ကျွန်တော့်ကိုမပြောပြချင်ဘူးလား"

"ဘာကို"

"ဒီကိစ္စကိုအစ်ကိုအရမ်းအလေးအနက်ထားနေတယ်လေ"

"အဟား ဟိန်းသော်"

"ဟုတ်ကဲ့"

"ခက်ထန်ပျိုကိုသိတယ်မလား"

"သိတယ်လေ Apex ဦးခက်မုန်းရဲ့တူ ဆိုးပေတေလိုက်တာလွန်ရော"

"ပြောချလိုက်တာလဲ"

"အဟီး"

"အင်းထားပါတော့ သူဆိုးတာကိုသိတယ်၊ အင်း..ကိုသူ့ကိုသဘောကျတယ်၊ လက်တွဲဖော်တစ်ယောက်လိုသဘောကျတာ"

ခက်ထန်ပျို (Complete) Uni & ZawgyiNơi câu chuyện tồn tại. Hãy khám phá bây giờ