Part 17

24.1K 1.2K 13
                                        

Unicode

"ကိုစက်ရှိနေတယ်ဆိုလို့ မဝင်တာကြာလို့ဝင်ခဲ့တာ၊ ဒါမောင်လေးလေ foreign ကပြန်လာတာမကြာသေးဘူး၊ ကဗျာ့ကိုလာကြိုတာ"

"အော် ထိုင်လေ မထိုင်တော့ဘူးလား၊ မတွေ့တာတောင်အတော်ကြာပြီ"

ကဗျာနဲ့မောင်ဝမ်းကွဲဖြစ်သူမိုင်းဇက်က ဝင်ထိုင်တော့ စက်မုန်သူ့ခုံကထလာကာ သူတို့နှစ်ယောက်ရှေ့ဝင်ထိုင်၏။

"မတွေ့ဆို ကိုစက်က အချစ်ကလွဲပြီးအရာအားလုံးကိုမေ့နေတာကို"

ကဗျာကစသလိုနောက်သလိုပြောလိုက်၏။ ဒါကိုစက်မုန်ကအတည်ကြီးဝန်ခံပြီးပြန်ပြောနေလေရဲ့။

"အဲ့လိုဖြစ်နေတယ် ကဗျာ၊ ကဗျာတင်မဟုတ်ဘူး ကိုယ်တခြားဘယ်သူနဲ့မှတောင်မတွေ့ဖြစ်ဘူး၊ မင်းဝဏ္ဏတို့နဲ့တောင်မတွေ့ဖြစ်တာ အဲ့လိုဖြစ်နေတယ်"

"အော်၊ ဒါကဗျာမောင်းတစ်ဝမ်းကွဲလေ မိုင်းဇက်တဲ့ အလယ်တန်းထဲက foreign သွားပြီး ပညာသင်နေတာ အခုမှပြန်လာတာ"

မိုင်းဇက် တိုင်းဦးစက်မုန်ဆိုတဲ့ ဘဲကိုကြည့်နေတာ။ ဒီဘဲကအတော်တော့ရုပ်ဖြောင့်သည်။ မသိရင် နိုင်ငံခြားမင်းသားလိုလိုနဲ့။ အင်းလေ ဒါကြောင့်လဲ မမကသဘောကျတာနေမှာပေါ့။ ဒါကို ဟိုကောင်ကရသွားတယ်ပေါ့။

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် အစ်ကို၊ မိုင်းဇက်ပါ"

"ကိုယ်လဲဝမ်းသာပါတယ်"

ချပ်~~

"ငါတို့လာတယ်၊ အော် ကဗျာရောက်နေတာလား"

မင်းဝဏ္ဏနဲ့အာကာက ဝင်လာရင်း ကဗျာ့ကိုတွေ့တော့နှုတ်ဆက်မေးလိုက်၏။ သူတို့နှစ်ယောက်ကတော့ ကိုယ့်အိမ်ကိုယ့်ယာလိုပင်။

"ဟုတ်တယ် ကိုမင်းဝဏ္ဏ၊ ကိုစက်နဲ့မတွေ့ဖြစ်တာကြာလို့လေ ဒီမှာရှိတယ်ကြားလို့ဝင်နှုတ်ဆက်တာ"

"ဒီကောင်အကြောင်းမပြောနဲ့ ယောက္ခမအိမ်သွားလိုက်၊ ယောက္ခမတော့မဟုတ်ဘူးပေါ့၊ ဟိုကောင်လေးအိမ်သွားလိုက် သူ့လေးလေးနဲ့တွေ့လိုက်နဲ့ အလုပ်ကိုရှုပ်နေတာ၊ ငါတို့ကိုတောင်မှတ်မိပါ့မလားစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတာ"

ခက်ထန်ပျို (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora