Part 19

23.2K 1.1K 7
                                        

Unicode

"အခုထိ ကျောက်တွင်းထဲကသူတွေက မင်းခေါင်အပိုင်ဆိုတာမသိသေးဘူးတဲ့"

"အဲ့လူနောက်ကြောင်းမကောင်းလောက်ဘူး"

"အင်း၊ ဘယ်သူပိုင်တာလဲလည်း ရေရေရာရာမသိကြဘူး၊ မင်းခေါင်ကိုပိုင်ရှင်ကလွှဲပေးထားသလိုပဲပြောတယ်၊ ပြီးတော့ ကျောက်တွင်းထဲဝင်ပြီးရင် အပြင်တော်ယုံတန်ယုံထွက်လို့မရဘူးတဲ့၊ အခုတောင် ငါတို့လွှတ်ထားတဲ့သူက အစောင့်တွေနဲ့ပေါင်းထားလို့ ထွက်လို့ရလို့ သတင်းပေးလာတာ"

"အင်း ဒီတစ်ခါတော့ငါ့ကောင်က အားကိုးရသား"

"အားကိုးရသားမလုပ်နဲ့ လွှတ်ပေးထားသူကခဏခဏသတင်းမပေးနိုင်ဘူး"

"ငါနားလည်ပါတယ်၊ တိုင်းတို့ဆီဘာ့ကြောင့်ဝင်လာတာလဲ သိမှဖြစ်မယ်၊ အသားလွတ်ကြီး မကျေနပ်ဘူးဆိုးပြီး ကိုင်ထုတ်လိုက်လို့မရဘူး"

"အင်း"

"အင်း လဝန်းရော"

"အိမ်မှာ သူမာမီခိုင်းထားလို့တဲ့ ခြေချုပ်မိနေတယ်"

"အင်း သတိထားအုန်း"

"အေးပါ မင်းလဲသတိထား"

"ငါ့ကိုစိတ်မပူနဲ့၊ တစ်ခုခုဆို မင်းနဲ့လဝန်းငါ့ကိုမပြောပဲမနေနဲ့နော်"

"အေးပါ"

အိမ်ထဲမှာနေနေတဲ့လဝန်းကတော့ မာမီမှဒယ်ဒီနဲ့သူတို့ပိုင်တဲ့ ကုန်တိုက်ထဲက market ကိုလိုက်သွားပြီးကြည့်ခိုင်းနေ၏။ ရှိုင်းနဲ့တွဲတာလဲ သူမအိမ်ကသိသည် လက်လဲလက်ခံသည်။ ဒါကခဏတာဆိုတာကိုတော့ လူကြီးတွေကမသိရှာ။ သို့ပေမယ့် အိမ်အလုပ်ကိုကူဖို့ပြင်တိုတာကြောင့် ဒယ်ဒီနဲ့လိုက်ပြီးအလုပ်တွေကိုလေ့လာရတော့၏။ အခုလဲ Market role ထဲမှာလျှောက်ကြည့်နေတာဖြစ်သည်။

"လဝန်း"

ခေါ်သံကြားလို့လှည့်ကြည့်လာတော့ မိုင်းဇက်။ ဒီကောင်ဘာလာရှုပ်တာလဲဆိုတဲ့အကြည့်နဲ့ လဝန်းကကြည့်၏။

"မမနဲ့ဈေးဝယ်ထွက်တာနင့်ကိုတွေ့လို့ လာနှုတ်ဆက်တာ"

"အော်"

လဝန်းကိုကြည့်ရတာတော့ အေးဆေးပင်။ ကိုယ်တွေနဲ့သူ့ကြားမှာ ဘာမှမဖြစ်တားသည့်နှယ်။

ခက်ထန်ပျို (Complete) Uni & ZawgyiМесто, где живут истории. Откройте их для себя