Part 25

20.2K 998 40
                                    

Unicode

ညထဲကမှန်အကာတွေကိုမပိတ်မိတာကြောင့်အခန်းထဲကိုအလင်းရောင်ကဝင်လာတော့သည်။ ဘယ်လောက်ပဲအလင်းရောင်ဝင်လာပါစေစောင်ပုံထဲကအသားချင်းကပ်ကာအိပ်နေသူတွေက အချိန်တွေကိုလျစ်လျှူရှု့ထားဆဲ။ စားပွဲခုံပုလေးပေါ်က ဖုန်းကတုန်ခါ‌ကမြည်နေ၏။ ခက်ထန်ဖုန်းကိုယူ‌ကာဖြေလိုက်တော့ ရှိုင်းဖြစ်နေပြီး အိမ်ကိုလာခဲ့မလို့ဟုဆိုကာပြောလာချင်းဖြစ်သည်။ ဖုန်းကိုချလိုက်ပြီး စောင်းနေတဲ့ခန္ဓာကိုယ်ကိုတည့်ဖို့လှုပ်လိုက်တာနဲ့တပြိုင်ထဲ ခက်ထန်မျက်နှာတွေကရှုံ့မဲ့သွားကာအံတွေပါကြိတ်လိုက်၏။ သူလှုပ်လိုက်တာနဲ့ သူ့ကိုဖက်ထားတဲ့စက်မုန်ကနိုးလာတော့သည်။ ခက်ထန်ပက်လက်ဖြစ်သွားတဲ့ပေါင်တွေကြား စက်မုန်ကခြေထောင်တင်ကာထည့်ထား၏။ မျက်လုံးတွေဖွင့်ကြည့်ကာ ခက်ထန်ကိုတိုးဖက်လိုက်ပြီး ပါးကိုနစ်ဝင်အောင်နမ်းလိုက်၏။

"ငတ်နေတဲ့အတိုင်းပဲနော် တော်သေးတယ်သေမသွားတာ"

"အိုး ကိုယ်ငတ်မယ့်ကိစ္စတော့လုပ်မလား"

ပြွတ်!

"ဖယ်"

"ဘယ်ကိုလဲ"

"ရေချိုးခန်း ရှိုင်းလာနေပြီ"

ရေချိုးခန်းသွားမလို့ စောင်ကိုဖယ်လိုက်ရင်ပဲအောင်းနေတဲ့အနံ့တွေကတွန်းကန်ကာထွက်လာတော့သည်။

"Shit! တိုင်းဦးစက်မုန် လူတောင်ဟုတ်ရဲ့လား ဘယ်လောက်တောင်ထုတ်ထားလို့ အနံ့တွေက.."

"အဲ့ဒါကအငယ့်ကြောင့်ဖြစ်ပေါ်လာတာတွေကြီးပဲ၊ ထကိုယ်ချီမယ်"

ရေချိုးပြီးတာနဲ့ စက်မုန်က အိပ်ယာခင်းတွေကိုယ်တိုင်လဲပေး၏။ ခက်ထန်ရဲ့ oversize t shirt တွေကိုယူဝတ်ထားပြီး ရှိုင်းအလာကိုစောင့်နေကြ၏။‌ အောက်ဆင်းမယ်ကြံတော့ အကြမ်းပတမ်းဆင်းလို့မရတဲ့ ခက်ထန်ကစက်မုန်ကိုစောင်ကြည့်တော့သည်။ စက်မုန်ကရယ်က ခါးကိုဖက်လိုက်ပြီး

"ချစ်လို့"

"-ီးချစ်"

"အင်း လူလဲချစ်တယ် -ီးလဲချစ်တယ်"

ခက်ထန် တိုင်းကိုဘာမှမပြောချင်တော့။ တိုင်းကသူ့ထက်ကိုပိုဆိုးနေတာဖြစ်သည်။ အောက်ရောက်တော့ ဦးခက်မုန်းကမရှိ။ ခဏကြာတော့ ရှိုင်းကရောက်လာ၏။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now