Part 6

22K 1.3K 40
                                    

Unicode

"ဘယ်လိုလဲအခြေအနေ"

"ပုန်းနေတာကျနေရောပဲ မင်းနဲ့တွေ့တုန်းကနောက်ဆုံးတွေ့တာ ထပ်မတွေ့သေးဘူး"

"မင်းအတည်ကြီးနော်၊ ငါကပထမ စိတ်ဝင်စားယုံပဲလို့ထင်တာ"

"ငါလဲ အဲ့လောက်ဖြစ်သွားမယ်လို့မထင်ဘူးလေ"

မင်းဝဏ္ဏတစ်ယောက်ပဲ အခုကိစ္စကိုသိသေးတာဖြစ်သည်။ အာကာနဲ့ထက်ပိုင်သိရင်ဘာပြောမလဲမသိ။ တိုင်းဦးစက်မုန်အစက Apex ရဲ့အမည်မဖော်ပဲအပ်တဲ့သူကဒီကောင်လေးလားဆိုတာအတည်ပြုချင်ယုံ။ သို့ပေမယ့် တိုက်ဆိုင်စွာပဲ ကိုယ့်ရှေ့မှာသူကပေါ်တော်မူလာလိုက်ပျောက်သွားလိုက်၊ ကိုယ်ကမေ့တော့မယ့်အချိန်ဆိုပြန်ပေါ်လာလိုက်နဲ့ အမှတ်တမဲ့ကနေ သတိထားစရာတွေဖြစ်ကုန်ကာ စွဲလမ်းသွားပါလေရော။ အခုတော့ ကိုယ်စွဲလန်းနေပါပြီ မြင်ချင်ပါတယ်ဆိုကာမှ ပေါ်တော်မူမလာပျောက်ချက်သားကောင်းနေ၏။

"မြင်ချင်တွေ့ချင်တဲ့သူကိုမမြင်ရတော့ လွမ်းနေတာပေါ့"

"အဟွန်း!"

"ညနေ ငါတို့ ၄ ယောက်ဆုံရအောင်"

"ကောင်းသားပဲ ဘယ်မှာဆုံမလဲ"

"ဆုံနေကျ ဘားမှာပဲဆုံရအောင်"

"အင်း ဟိုနှစ်ကောင်ကိုမင်းပဲခေါ်လိုက်တော့"

"မင်းသာရောက်အောင်လာ ကျန်တာငါ့တာဝန်ထား"

မင်းဝဏ္ဏကဒါမျိုးကျအားကိုးရသည်။ သူကဆုံမယ်ပြောရင်ခေါင်းပဲငြိမ့်လိုက် ကျန်တာသူစီစဉ်သည်။ အဲ့တစ်ခုတော့အားကိုးရ၏။ သူငယ်ချင်းတွေကိစ္စတစ်ခုခုဖြစ်ရင်လဲ အစအဆုံးကူညီတတ်သည်။ ညနေရုံးဆင်းချိန်အိမ်ပြန်ရောက်ပြီး ရေချိုးပြီးမှပြန်ထွက်ဖို့လုပ်လိုက်၏။

"သား စက်မုန် ဘယ်ကိုလဲ"

"ဟိုကောင်တွေနဲ့ချိန်းထားလို့ ဖေဖေ"

"သား အပြင်တွေအရမ်းထွက်နေသလိုပဲ"

ဦးစက်သွင်မှာသားဖြစ်သူကိုသတိမဆိုတဲ့သတိပေးမှုလေးပေးလိုက်၏။ သူ့သားကအခုတလော အကြောင်းမရှိအကြောင်းရှာကာအပြင်ထွက်နေသလို။ ကဗျာလေးနဲ့က‌လဲနာမည်ထွက်နေပေမယ့် ဘာမှမဟုတ်တာလဲ သူတို့အသိ။ သားကသူအဲ့လိုပြောတော့ သူ့ရှေ့ဝင်ထိုင်၏။

ခက်ထန်ပျို (Complete) Uni & ZawgyiNơi câu chuyện tồn tại. Hãy khám phá bây giờ