Part 14

26.1K 1.2K 14
                                        

Unicode
(ဖြစ်နိုင်ရင် နေ့တိုင်းအပ်ပေးပါမယ်နော်)

ဒေါ်မေမိုးတစ်ယောက် သူ့အတွေးနဲ့သူစဉ်းစားခန်းဖွင့်နေမိနေ၏။ မင်းမဟော် လာတဲ့နေ့တုန်းက သားဖြစ်သူနဲ့စကားပြောတာပြတ်သွားတယ်မလား။ သားနဲ့ဟိုကောင်လေး သတင်းကလဲ လူတိုင်းနီးပါးသိနေတာဆိုတော့ အဲ့နေ့က မင်းမဟော်လေးက‌ ပြောလာတယ်လေ။ အစ်ကိုစက်မုန်က သူ့ကောင်လေးကို တော်တော်ချစ်မယ့်ပုံပဲနော် ဆိုပြီးတော့လေ။ သူမလဲ ဘာပြန်ပြောလို့ပြောရမှန်းမသိ။ 'အန်တီတို့တော့ နှမြေနေမှာပဲ၊ လုပ်ငန်းစုမျိုးဆက်ပြတ်သွားမှာဆိုတော့လေ' တဲ့။ 'အခြေအနေက ဘာမှန်းမသိပါဘူး သားရယ် သူတို့နှစ်ယောက်ပြတ်ရင်လဲပြတ်သွားနိုင်တာပဲလေ' လို့သူမကိုယ်တိုင်ပြန်ပြောဖြစ်လိုက်တယ်မလား။ 'ကျွန်တော်သာဆို ယောက်ျားလေးဖြစ်ကာမှဖြစ်ရော ကိုယ်ချစ်တဲ့သူရဲ့မျိုးဆက်ဆိုလို့ကတော့ ကိုယ်တိုင်မွေးပေးလိုက်မှာ၊ ခက်ထန်ပျိုကိုကြည့်ရတာတော့ အဲ့လိုတွေ စိတ်ထဲရှိပုံလဲမပေါ်ပါဘူး'။ မင်းမဟော်ပြောတဲ့စကားကို သူမနားထဲမှာ အခါခါကြားယောင်နေမိတာ။ မင်းမဟော်လေးက ယဉ်ကျေးတယ် လူကြီးသူမသိတတ်တယ်။ ယောက်ျားလေးချင်းအတူတူဖြစ်လင့်ကစား ကလေးကိစ္စတွေဆို မင်းမဟော်လေးရဲ့စိတ်က ကိုယ်ချစ်ရတဲ့သူအတွက်အကုန်လုပ်ပေးမယ့်လူမျိုးလေး။ 'သားကရော အန်တီသားကို သဘောကျလား' လို့သူမသွေးတိုးစမ်းပြီးမေးကြည့်လိုက်တော့ 'အစ်ကိုစက်မုန်က လူတိုင်းယောက်ျားတော်ချင်တဲ့သူ'တဲ့လေ။ သူမကတော့ မင်းမဟော်လေးနဲ့သားကို တပူးပူးတတွဲတွဲထားဖို့ စဉ်းစားနေပြီး သားကိုလဲအကျိုးအကြောင်း ဖြစ်သင့်မဖြစ်သင့်ပြောပြဖို့ တွေးလိုက်၏။

မင်းမဟော်ကိုယ်တိုင်လဲ ဒေါ်မေမိုးကို ဘယ်လိုကြောင့်တိုင်းဦးစက်မုန်ပိုသဘောကျနေသလိုဖြစ်အောင်ပြောလိုက်မိလဲ သတိမထားမိ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူအနားက ဖယ်ဖို့ဒီလူကိုမချစ်သော်လည်းအောင့်ကာနမ်းသင့်နမ်းရမှာပဲ။ အဓိကက ပျို သူနဲ့ဖြစ်ဖြစ်တစ်ခြားတစ်ယောက်နဲ့ဖြစ်ဖြစ်ယူမသွားဖို့ပဲ။ အခုတော့ ရုံးစထိုင်ဖို့ ရုံးသွားရမှာဖြစ်တာကြောင့် သူပြင်ဆင်နေလိုက်သည်။

ခက်ထန်ပျို (Complete) Uni & ZawgyiWo Geschichten leben. Entdecke jetzt