Special Extra

27.7K 1K 23
                                        


Unicode

"ဖေဖေ..ဟားဟား..ဖေဖေ မလုပ်နဲ့ သားသားယားတယ်..အား..ကိုကို ညီညီ့ကိုလာကယ်အုန်း"

Villa ထဲမှာသူတို့သားအဖ ၄ယောက် ရောက်နေတာဖြစ်ပြီး တိုင်းဦးစက်မုန်ကအလုပ်ကိစ္စဖုန်းလာတာကြောင့်အပြင်ခဏထွက်ကာဖုန်းပြောနေတာဖြစ်၏။ Villa ရဲ့ခြံစည်းရိုးကိုအုပ်နဲ့လုပ်ထားပေမယ့် စက္ကူပန်းရောင်စုံအပင်တွေကိုပြုပြင်ပြီး စိုက်ထားတာဖြစ်သည်။ မသိရင် ခြံစည်းရိုးက အုပ်တံတိုင်းလို့မထင်ရပဲ ပန်းတွေနဲ့ကာထားသလို။ Villa ဆောက်ပြီးတာကြာနေပေမယ့် အထဲမှာ ဥယျာဉ်ပုံစံနဲ့ အပင်တွေကိုပြုပြင်ပြီးပုံသွင်းနေတာကြောင့်သူတို့မလာဖြစ်ပဲဖြစ်နေတာ။ အခုတော့အပင်တွေကပုံစံသွင်းခံရတဲ့အတိုင်းလှပနေပြီး သားတို့နဲ့အပမ်းလာဖြေတာဖြစ်သည်။  အထဲမှာတော့ သားငယ်ကိုစကာ ကလိထိုးနေတဲ့ ခက်ထန်။ သားငယ်က ကော်ဇော်ပေါ်မှာ တုံးလုံးလေး လူးလှိမ့်နေ၏။ သူ့ကိုကလိထိုးဖို့လာတဲ့ သူ့ဖေဖေလက်တွေကိုတားရင်း ကိုကို့ဆီကိုလဲအကူအညီလှမ်းတောင်းလိုက်သေးသည်။ ညီညီ့ဆီကအသံကြားတာနဲ့ လိပ်လိပ်ပြေးလာတဲ့ ကိုကိုက သူ့ဖေဖေကျောဘက်မှာရပ်ကာ လည်ပင်းသိုင်းဖက်လိုက်ပြီး သွားသေးသေးလေးတွေနဲ့ကိုက်တော့သည်။ နာအောင်ကိုက်တယ်ထင်ရင်မှားသွားမှာပင်။ သူ့သွားသေးသေးလေးတွေနဲ့ ခြစ်ရင်း သူ့ဖေဖေယားပြီး သူ့ညီလေးကိုလွှတ်ပေးဖို့ကိုက်နေတာပင်။

"အား..ခွေးလေးကိုက်တယ်၊ ဘယ်ကခွေးလေးလဲ၊ လာခဲ့စမ်း အဲ့ခွေးလေးကိုပါ ကလိထိုးမယ်"

ခက်ထန်ကသားငယ်ကိုကလိထိုးနေတဲ့လက်တွေလွှတ်လိုက်ကာ နောက်ကဖက်ကာကိုက်နေတဲ့သားကြီးကို လက်နောက်ပြန်ဖက်လိုက်ကာရှေ့ကိုပွေ့ယူလိုက်၏။ တစ်ယောက်ထဲလူးလှိမ့်နေရင်း ပခုတော့ ညီအစ်ကိုနှစ်ယောက် သူ့ဖေဖေရဲ့ကလိထိုးတဲ့ဒဏ်ကို နှစ်ယောက်မျှခံနေရတော့သည်။

"အား....ဖေဖေ..ဟား...ယားတယ်..ဒယ်ဒီ! ဒယ်ဒီ၊ ဒယ်ဒီလို့ ဒယ်ဒီရဲ့ကလေးလေးကိုလာခေါ်"

သားကြီးကအော်ကာသူ့ဒယ်ဒီဆီကအကူအညီလှမ်းတောင်းသည်။ ထိုအချိန် တိုင်းဦးစက်မုန်ဝင်လာတာနဲ့တိုး၏။ သားနှစ်ယောက်က သူ့ဒယ်ဒီကိုတွေ့တာနဲ့

ခက်ထန်ပျို (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora