Unicode
(မနေ့က အလုပ်ပိတ်ရက်ဆိုတော့ ရေးဖြစ်သွားလို့ ထပ်တင်ပေးတာပါနော် Double up)လက်ထပ်ခွင့်တောင်းတဲ့ video ကပျံ့နှံ့နေပြီးအားလုံးကလဲ အားကျနေ၏။ ကာယကံရှင်နှစ်ယောက်ကတော့ ပြန်မရောက်သေး။ ရှိုင်းကတော့ စက်မုန်ကိုမှာထားပြီးသား။ သူတို့ Dinner ရက်ပြန်မရောက်လို့ကတော့ပြဿအကြီးကြီးတတ်မယ်ဆိုတာပါပဲ။ မိုင်းဇက်က ကုတင်ပေါ်မှာ နောက်ကိုမှီကာ ဖုန်းသုံးနေချိန် ရှိုင်းကအခန်းထဲဝင်လာ၏။ ရှိုင်းဝင်လာတာနဲ့ မိုင်းဇက်ကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဘယ်လိုနေလို့နေရမှန်းမသိ။ ရှိုင်းကတော့အေးဆေးပင် မိုင်းဇက်ဘေးလွတ်တဲ့တစ်ဖက်ပေါ် ခုန်ကာမှောက်ချလိုက်ရင်း ဖုန်းပြောနေတာဆက်ပြော၏။
"အခြေအနေကောင်းတယ်မဟုတ်လား"
.......
"အင်း အဓိကက မကြောက်ဖို့ပဲ သူနင့်မိဘတွေနဲ့တွေ့ရင် သွက်သွက်လက်လက်ရှိဖို့လိုတယ်"
........
"အင်းငါ့ကိစ္စပြီးတော့မှ ငါတို့သုံးယောက် မာမီနဲ့ဒယ်ဒီကိုလာတောင်းပန်ပြီး ရှင်းပြမယ်၊ ဒါနဲ့နင့်ကိုဆူသေးလား"
........
"အေး ဒါပဲ"
ရှိုင်းကမှောက်ရက်အတိုင်း ဖုန်းသုံးရင်း မိုင်းဇက်ဖက်လှည့်ကြည့်လိုက်၏။ ရှိုင်းလှည့်ကြည့်လိုက်တာနဲ့ မိုင်းဇက်ကတောင့်ကနဲ့ဖြစ်ကာ လှုပ်ရှားနေတာတွေ ရပ်လိုက်သလို။
"မင်း ငါ့ကြောက်နေတာလား"
"အဲ့လိုမဟုတ်ပေမယ့်..."
"ညအိပ်အဝတ်လဲချင်လား"
"အင်း"
"အဲ့ဒါကိုမပြောဘူး၊ ပြောမှသိမှာပေါ့"
ရှိုင်းကထကာ ဗီဒိုထဲကသူ့ညအိပ်ဝတ်စုံတစ်စုံထုတ်ယူလာ၏။ ရှိုင်းကသူနဲ့တစ်ခန်းထဲနေနေပြီး ဘာဖြစ်လို့ သက်တောင့်သက်သာဖြစ်နေတာလဲ။ သူပဲစိတ်မသက်မသာဖြစ်နေတာလား။ ရှိုင်းပေးလာတဲ့ဝတ်စုံကို မှိုင်းဇက်ကရေချိုးခန်းထဲသွားလဲ၏။ သူထွက်လာတော့ ရှိုင်းကပက်လက်အနေအထားနဲ့ ဖုန်းကြည့်နေတုန်း။ သူဘေးတစ်ဖက်ကိုဝင်ထိုင်ကာ
VOUS LISEZ
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist