Unicode
သားအတွက် နို့ဘူးကိုနာ့စ်ကပြင်ဆင်ပေး၏။ လေးလေးလဲရောက်နေပြီဖြစ်ပြီး သားကအခုအငယ့်အပေါ်မှာပင်။ ချုပ်ရိုးကြောင့်မချီခိုင်းပေမယ့် အငယ်ကသူ့အပေါ်ခေါင်းအုန်းလေးတင်ကာ သားကိုပွေ့ထားပြီး အကြည့်မလွှဲသလို ပြုံးနေတာလဲမရပ်။ နိုးနိုးချင်းလဲ သားကိုပဲမေးတာမလား။ 'ကလေးရော ကလေးရော ကလေးပေးပါအုန်း တိုင်း' ဟုတောက်လျှောက်ပြောနေတာ။ ခေါင်းအုန်းတွေထောင်ကာနောက်မှီထိုင်ခိုင်းပြီး ပေါင်ပေါ်ခေါင်းအုန်းတင်ပေးကာ အနှီးနဲ့ထုတ်ထားတဲ့သားကို အငယ့်လက်ထဲထည့်ပေးရတယ်မလား။ 'သားလေး' ဖြစ်ကြောင်းပြောတော့လဲ သားရဲ့ပါးကိုလက်ညှိုးလေးကွေးကာတို့ထိရင်း 'သား' ဟုလှိုက်ဖိုနေတဲ့အသံနဲ့ခေါ်၏။ နောက်ထပ် ထပ်ခေါ်လိုက်တဲ့အသုံးအနှုန်းကြောင့် တိုင်းဦးစက်မုန်ကိုယ်တိုင် ရင်ခုန်ကာမျက်ရည်ဝဲမိသည်အထိ။ သားကိုအငယ်ခေါ်လိုက်တာက 'ဘေဘီတိုင်း' တဲ့လေ။ ပြီးတော့သူ့ကိုလဲကြည့်လာကာ သားကတိုင်းနဲ့တူတယ်တဲ့။ ဒါတောင်အငယ်သားမျက်လုံးလေးကိုမတွေ့သေးလို့။ တွေ့များတွေ့ရင်ဘယ်လိုနေမလဲမသိ။
"အဲ့!"
အငယ့်အပေါ်မှာ အသံပေးလာတဲ့သားက နို့ဆာလာပြီထင်သည်။ အနှီးထုတ်ထဲကသားက ခေါင်းလေးကိုဟိုဘက်သည်ဘက်လှုပ်ကာ မျက်လုံးဖွင့်လာ၏။
ဟင်!
"တိုင်း သား..သားမျက်လုံးတွေက"
စက်မုန်ရယ်လိုက်ရင်း
"အင်း သားမျက်လုံးတွေက အငယ့်မျက်လုံးတွေနဲ့ချွတ်စွတ်ပဲလေ"
"ဖေဖေ့သားလေး၊ ဘေဘီတိုင်း"
သားပါးကိုနားခေါင်းနဲ့ထိယုံပွတ်တိုက်ပြီးမွှေးကြူသည်။
"သား လေးလေးကို ပေးပါအုန်း လေးလေးချီပါရစေအုန်း"
လေလေးကအငယ့်လက်ထဲမှ သားကိုချီသည်။ သားကဘာကိုမှသဲသဲကွဲကွဲမမြင်ရသည့်တိုင် လိုက်ကြည့်၏။ လေးလေးကလဲ သူ့မြေးကိုကြည့်ပြီး လက်ကမချ။ လေးလးလက်ထဲကသားကို မေမေကချီပြီး နို့ဘူးတိုက်ဖို့လုပ်ရသည်။
"လာပါအုန်း ဗိုက်ကလေး"
အငယ့်အသံကြားမှ သူ့အငယ့်ဘက်ကိုပြန်လှည့်ကြည့်လိုက်၏။ ဖြည့်ညှင်းစွာ အငယ့်ဘေးရောက်တော့ အငယ်ကမတ်တပ်ရပ်နေတဲ့သူ့ကိုဖက်ရင်း ဗိုက်ကိုမျက်နှာအပ်ကာငြိမ်နေသည်။ သူကအငယ့်ပုခုံးကိုပြန်ဖက်လိုက်ရင်း
ESTÁS LEYENDO
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasíaTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
