Unicode
Apex ကဆိုင်နာမည်ကို KH'T Jewellery(Apex & Treasure) လို့နာမည်ပေးလာတယ်မလား။ သူနဲ့ခက်ထန်ဆိုတာ ရယ်ပြပြုံးပြတဲ့အဆင့်ရောက်နေပြီလေ။ ကလောကပြန်ရောက်လာတာရက်သတ္တပတ်ရှိနေပေမယ့် အခုထိ ခက်ထန်ပျိုကိုအပြင်မှာမတွေ့မိသေး။ တွေ့ချင်လှပြီ အတည်ပြုချင်လှပြီ။
ပြန်မယ့်ညမှာ သူတို့အဖွဲ့နှစ်ဖွဲ့ရှု့ခင်းတွေကြည့်ရင်း ဘားမှာထိုင်ဖြစ်တယ်မလား။ ဘားမှာထိုင်ရင်း တစ်ခုခုဖြစ်သွားတယ်ဆိုတာ သူအသိပင်။ သို့ပေမယ့် တစ်ဖက်သူမဟုတ်သည့်အတိုင်းငြိမ်နေလေရဲ့။ ဘားက သူတို့ရဲ့ service ပေးသည့်အတိုင်း မီးတွေကိုအမှောင်ချလိုက်ပြီး sport light လေးတွေထွန်းမှာဖြစ်၏။ Sport light မထွန်းခင်မီးတွေအမှောင်ချလိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ကျသွားတာနဲ့အတူ တိုင်းဦးစက်မုန် နှုတ်ခမ်းတစ်စုံက လူတစ်ယောက်နှုတ်ခမ်းတွေရဲ့ဆွဲယူချင်းခံလိုက်ရတယ်မလား။ သေချာတယ် အငယ်ဆိုတာသေချာတယ်။ သူ့အနားကပ်လာချိန်ရတဲ့ ကိုယ်နံ့က အငယ့်ကိုယ်နံ့မှန်းသူအတပ်သိ၏။ Steak ဆိုမှာဖြတ်သွားတုန်းကမသေချာပေမယ့် ဆိုင်ကယ်နောက်ကတောက်လျှောက်ထိုင်လိုက်လာတာမလား။ သူ့ရင်ဘတ်တွေကပေါက်မထွက်မတတ်ခုန်နေတယ်။ Sport light အရောင်မှိန်မှိန်လေးလင်းလာချိန် ရှေ့ကအငယ်ကိုကြည့်လိုက်တော့ သူမဟုတ်တဲ့အတိုင်း မီးလုံးတွေကိုလိုက်ကြည့်နေတယ်လေ။ အငယ်ဘာဖြစ်ချင်နေတာလဲ ဖွင့်ပြောဖို့လုပ်မယ်စဉ်းစားတိုင်း ဖွင့်မပြောအောင်အငယ်ကလုပ်နေတယ်။ သူ့ကိုတော့လာလာကလိနေတယ်မလား။ သို့ပေမယ့် တရားခံကမသိချင်ယောင်ဆောင်နေတော့ သူ့မှာအသဲတယားယား။
"အစ်ကို အဆောက်အဦးကြည့်ပြီးပြီ၊ accessories တွေဒီဇိုင်းပြီးပြီ Apex ကိုပြဖို့ပဲရှိတော့တယ်"
"ဟုတ်ပြီ ကိုယ်ဟိုဘက်ကိုဆက်သွယ်လိုက်မယ်"
"ဟုတ် ပြီးတော့ မနက်ဖြန် airline ဘက်ကိုသွားရမယ်အစ်ကို"
"အင်း"
စက်မုန်ကိုယ်တိုင် ဟိုဘက်က ဦးခက်မုန်း PA သန့်စင်ကိုဆက်သွယ်လိုက်၏။ အကြောင်းပြန်မယ်ဆိုတဲ့စကားပဲကြားရလိုက်ပြီး ဘယ်တော့အကြောင်းပြန်မှန်းမသိ။ အဆောက်အဦးကြည့်ဖို့ရော accessories design ကြည့်ဖို့ရောရှိတယ်မလား။
ESTÁS LEYENDO
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasíaTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist