Unicode
"တောင်းပန်ပါတယ် ပျို၊ တောင်းပန်ပါတယ်၊ ငါဘယ်လိုလုပ်ရမလဲ ရူးသွားတော့မယ်"
အိမ်ကြီးတစ်ခုလုံးကို အစိုးရပိုင်ဆိုတဲ့တံဆိပ်တွေကပ်ခံလိုက်ရပြီး မင်းမဟော်ကိုတော့ မင်းဝဏ္ဏကလာခေါ်သွား၏။ အိပ်လဲမအိပ်ပဲ ငိုနေတာက အဖေအတွက်မဟုတ်ပဲ ခက်ထန်ပျိုအတွက်တဲ့။
"အစ်ကို သိလား ကျွန်တော်ပျို့ကိုအရမ်းချစ်တာ၊ အား!!! ကျွန်တော့်ဆီမှာ ပျို့ကိုခိုးရိုက်ထားတဲ့ ဓါတ်ပုံတွေအများကြီးပဲ"
သူ့လက်တွေကိုလဲ လာဆွဲကာငိုယိုကာပြောနေ၏။ သူကိုယ်တိုင်လဲ အခန်းတစ်ခန်းထဲမှာ တွေ့ခဲ့တယ်လေ။ ခက်ထန်ပျိုပုံတွေကို photo stand တွေရော နံရံတွေမှာရော ကပ်ထားတာ။
"ပျို့ကိုစောင့်ကြည့်ပေးဖို့လွှတ်ထားတဲ့ ကျွန်တော့်လူတွေကို ဖေဖေကဖမ်းချုပ်ထားတယ်တဲ့၊ ကျွန်တော် စောက်သုံးမကျတာ ကျွန်တော်စောက်သုံးမကျတာ၊ ဖေဖေ့ကိုကျွန်တော့်အသက်နဲ့ရင်းပြီး ကျွန်တော် တောင်းဆိုတာတောင် ဖေဖေကပျို့ကိုသတ်လိုက်တယ်"
မင်းမဟော်ကြည့်ကာ မင်းဝဏ္ဏလဲ ဘာလုပ်ရမှန်းမသိ။ သူကိုယ်တိုင်လဲ ကြားကြားချင်း ဒီလိုပတ်သတ်မှုတွေရှိတာကို အံ့ဩသွားတာ။ စက်မုန်ကိုလဲ ဆက်သွယ်လို့မရ။ အိမ်ကို အစိုးရပိုင်ဆိုပြီး သွားကပ်တာကြောင့် သူသွားခေါ်ထားရတာဖြစ်သည်။ ငိုလိုက် သူ့ဆံပင်ငုတ်တိုတွေကိုဆွဲလိုက်နဲ့။ ခက်ထန်ပျိုကို သူဘယ်လောက်ချစ်လဲဆိုတာလဲ ခဏခဏကြားနေရ၏။ သူ့အဖေကတော့ ဝရမ်းထုတ်ခံရပြီး ရဲတွေရှာဖွေနေ၏။
"ကျွန်တော် ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော်ပိုင်ဆိုင်လို့မရဘူးဆိုတာ သိတယ်၊ ကျွန်တော် ဒီအတိုင်းငေးကြည့်ချင်တာလေ၊ အခုတော့ ဖေဖေ့ကြောင့် ဖေဖေ့က ပျို့ကို ပျို့ကို...အား!!!"
"မင်းမဟော် ကိုယ့်ကိုကြည့် မင်းလဲတားဆီးဖို့ကြိုးစားတာပဲလေ၊ မင်းအမှားမဟုတ်ပါဘူး၊ ခက်ထန်ပျို လဲ သေလားရှင်လားမသိရသေးဘူးလေ"
"၂၄ နာရီကျော်နေပြီအစ်ကို၊ ၂၄ နာရီ အလင်းရောင်မဝင်၊ စားစရာမရှိပဲ မြေစိုင်တွေကြားမှာ ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ၊ အမှန်ဆို ကျွန်တော်သေသွားရမှာ၊ ကျွန်တော်သေမှ အေးမှာ"
VOUS LISEZ
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
