Part 5

29.6K 1.5K 36
                                        

Unicode

ဦးခက်မုန်းနဲ့ Treasure ကကျောက်ပညာရှင်တွေနဲ့တွေ့နေတာဖြစ်သည်။ ကျောက်ပညာရှင်တင်မဟုတ် တိုင်းဦးစက်မုန်ရဲ့ PA ဟိန်းသော်ပါပါ၏။ ကျောက်တွေကြည့်ပြီးတော်တော်သဘောကျနေတဲ့ ပညာရှင်တွေရယ် လုပ်ငန်းပါတနာလုပ်ဖို့တစ်ခါထဲအဖြေလိုချင်နေတဲ့ဟိန်းသော်ရယ်။ ဟိန်းသော်မှာလဲ လုပ်မယ်မလုပ်ဘူးအဖြေထွက်သွားချင်တယ်လေ။ သူ့ဆရာကအခုတလော Apex Apex ဖြစ်နေတာမလား။ တစ်ခုခုတော့တစ်ခုခုပါပဲ။ ဦးခက်မုန်းရဲ့ကျောက်တွေကိုကျောက်ပညာရှင်တွေက ချီးကျူးနေတာ။ ဘေးကဘာမှမသိတဲ့ ဟိန်းသော်ကတော့ငြိမ်ငြိမ်သက်သက်ထိုင်နားထောင်နေ၏။

ဒေါက်~ဒေါက်
ချပ်~

"လေးလေး...ဧည့်သည်လား sorry!"

"သား လာလေ"

"ဒီဘက်ရောက်ရင်းလေးလေးဆီ ခဏဝင်လာတာ အရေးမကြီးဘူးလုပ်စရာရှိတာလုပ်"

ခက်ထန်ပျိုကပုံမှန်ပင်ပြောရင်း သူလေးလေးဆုံလည်မှာသွားထိုင်၏။ လေးလေးနဲ့ဧည့်သည်တွေဘက်ကိုကျောပေး ဆုံလည်ကိုလှည့်ကာ ခပ်လျောလျောထိုင်လိုက်ပြီး မှန်နံရံတွေဘက်မျက်နှာမူ၍ ဖုန်းသုံးနေလိုက်သည်။

ဟိန်းသော်ကတော့ ခက်ထန်ပျိုဝင်လာထဲကငေးနေတာ အခုထိ ဘာမှမတွေ့ရတဲ့ကျောဘက်ဆုံလည်ကြီးကိုငေးနေသေးသည်။ ကျောက်ပညာရှင်တွေလဲထိုသို့ပါပဲ။

"တူးလေးထင်တယ် ကိုခက်မုန်းမှာ တူတစ်ယောက်ရှိတယ်လို့ကြားတယ်"

"ဟုတ်တယ်ဗျာ တူဆိုပေမယ့် သားလိုပါပဲ၊ သိပ်ဆိုးတယ်ဗျ ဧည့်သည်မြင်ရဲ့သားနဲ့ကျော်သွားတာကိုကြည့်"

"ရပါတယ်ဗျာ ခုခေတ်ကလေးတွေကဒီလိုပါပဲ"

"ကဲအဲ့ဒါဆို မောင်ဟိန်းသော်ပြောနဲ့ကိစ္စ အန်ကယ်စဉ်းစားလိုက်အုန်းမယ်၊ တစ်ပတ်အတွင်းအကြောင်းပြန်မယ်လေ"

"ဟုတ်ကဲ့ ကမ်းလှမ်းချက်ကိုစဥ်းစားပေးလို့ ကျေးဇူးတင်ပါတယ် အန်ကယ်၊ ဒါဆိုကျွန်တော်တို့သွားလိုက်အုန်းမယ်ဗျ"

"ကောင်းပါပြီ"

သူတို့ထွက်သွားမှ ခက်ထန်ပျိုကပြန်လှည့်လာ၏။ လှည့်ပြီးမှ ရှေ့ခပ်လှမ်းလှမ်းကဆိုဖာမှာထိုင်နေတဲ့လေးလေးရှေ့ဝင်ထိုင်ရင်း

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now