Unicode
(စိတ်ဆိုးသွားကြလား ဒီနေ့က တင်းဂွေနေ့လေ ဘေးဘေ)
ရှိုင်းနဲ့မိုင်းဇက်အတွက်ရော ဇွဲယံနဲ့လဝန်းအတွက်ပါ ဒေါ်မေမိုးက အခန်းတွေပြင်ပေး၏။ သားနဲ့ပတ်သတ်ကာ သိကျွမ်းလာရတဲ့သူတို့လေးတွေရဲ့ အကြောင်းကို သူမသေချာသိခဲ့ရတယ်မလား။ ဒီကလေးတွေကဆိုးသွမ်းတယ်နာမည်ထွက်ပေမယ့် တကယ်တမ်းတော့ ကောလဟာလကပိုကြီးထွားနေတာပင်။ အခုဆို သူ့အိမ်ထောင်ဘက်နဲ့သူတို့ သာယာတဲ့ဘဝလေးတွေရှိနေကြ၏။ ညစာအတူစားကြရင်း စကားတွေပြောကြပြီး တော်တော်နဲ့မအိပ်ကြ။ နှစ်ယောက်ပူးဆီ ထိုင်နေကြရင်း ခက်ထန်ကစက်မုန်ပုခုံးကိုမှီထား၏။
အားလုံးကိုယ်ဆီ ကိုယ်ဆီအခန်းပြန်ကာတင်ကြ၏။ မိုင်းဇက်က ရှိုင်းကိုဖက်လိုက်ပြီး သူ့စိတ်ထဲရှိသည့်ကိစ္စတစ်ခုကိုပြောလိုက်၏။
"ရှိုင်း"
"အင်း"
"ငါရော မင်းအတွက် ကလေးမွေးပေးရမလား"
ရှိုင်းမှာ မိုင်းဇက်ကိုကြည့်ကာ သူနဲ့မျက်နှာချင်းဆိုင်လိုက်ရင်း
"မမွေးရပါဘူး မင်းကိုဘယ်သူမွေးခိုင်းလို့လဲ ပြော"
"မမွေးခိုင်းပါဘူး၊ ခက်ထန်တို့ကိုကြည့်ရတာ ပျော်ဖို့ကောင်းတယ်၊ မင်းရော သူတို့လို့ကလေးလိုချင်မလားလို့"
"သူတို့နှစ်ယောက်မွေးတာနဲ့တင်ရပြီ၊ သူတို့ကိုတောင်တားတာ တားလို့မရလို့၊ မင်းမမွေးရဘူး၊ ငါမသိအောင်ဘာမှလုပ်ဖို့မစဉ်းစားနဲ့နော်"
"အင်းပါ"
"မင်းနော်မင်း လာခဲ့! အဲ့လိုအတွေးဝင်တဲ့ကောင်ကို ပညာပေးရမယ်"
"အင့် မလုပ်နဲ့လေ သူများအိမ်မှာ၊ ဟင့်! ရှိုင်း..."
ရှိုင်းကနားမထောင်ပါ။ ခရီးသွားနေတာဖြစ်သည့်အပြင် သူများအိမ်မှာပါဆိုတာကို ညဉ့်နက်တဲ့အထိသောင်းကျန်းသည်။ သူဆိုသည်မှာလဲ ရှိုင်းကချစ်တယ်ပြောပြီးနောက်ပိုင်းမှာ ရှိုင်းနေခိုင်းတဲ့ပုံစံတွေအတိုင်းလိုက်နေပေးနေတော့တာပဲ။ အရှက်လဲမရှိတော့။ ယောက်ျားတစ်ယောက်ကိုယ်ဝန်ဆောင်တာ အဆင်ပြေပါ့မလား ကြိုတွေးဖူးပေမယ့် အစ်ကိုစက်မုန်နဲ့ခက်ထန်ကိုကြည့်ရတာ အဆင်ပြေတဲ့ပုံပေါက်၏။ ပြီးတော့ ကြည်နူးဖို့လဲကောင်းသည်။
CZYTASZ
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
