Part 10

29.3K 1.4K 21
                                        

Unicode

ခရီးမသွားခင်ထဲက မေမေတွေ့ပေးပါဆိုတဲ့မေမေ့မိတ်ဆွေနဲ့တွေ့နေတာဖြစ်ပြီး ထိုသူကသူ့ရဲ့ကျောက်တွေကို Treasure ကိုသွင်းချင်နေပုံရသည်။ ကျောက်တွင်းတစ်တွင်းကိုသာ ပါမစ်နဲ့လုပ်ကိုင်နေတာဖြစ်ကြောင်းသိရ၏။

"ကျွန်တော်တို့ဘက်မှာလဲ ပုံမှန်ယူနေကျရှိတာဆိုတော့.."

"ဟုတ်ကဲ့ နားလည်ပါတယ်၊ ကိုယ်ကလဲ အလျင်မလိုပါဘူး၊ Treasure ကကြတော့စိတ်ချရလို့သွင်းချင်တာပါ၊ အစ်မမေမိုးနဲ့လဲ အသိတွေဆိုတော့ ငွေရေးကြေးရေးလဲ စိတ်ချရတော့ ကိုယ်ကအပ်ထားချင်လို့"

"ဟုတ်ပြီ ကျွန်တော်တို့ တစ်ပတ်အတွင်းအကြောင်းပြန်ပေးမယ် ရလား"

"ရတယ် အဆင်ပြေပါတယ်"

"အစ်ကို့ နာမည်က မင်းခေါင်နော်၊ ဒီ လိပ်စာကဒ်ထဲကဖုန်းပဲလား"

"ဟုတ်တယ်ဆက်သွယ်တာကို ကိုယ်စောင့်နေလိုက်မယ်"

မင်းခေါင်က ဒီကျောက်တွင်းတစ်တွင်းပိုင်ဆိုင်တာအရင်ထဲကပါ။ ကျောက်တူးနေတဲ့သူတွေကလဲ မင်းခေါင်ကိုပိုင်ရှင်မှန်းမသိကြဘူး။ သူတို့သိတဲ့ ပိုင်ရှင်နာမည်ကသပ်သပ်ကို။ စက်မုန်အမေ ဒေါ်မေမိုးနဲ့ရင်းနှီးသွားတာလဲ ဒေါ်မေမိုးက မင်းခေါင်ဆီမှာ ကျောက်စိမ်းဝယ်ဖူးတာကြောင့်ဖြစ်၏။ ပြီးတော့သူအခုတလော ကြားမိတာရှိနေတယ်မလား။ အချေမင်းသားလေး ခက်ထန်ပျိုက Treasure ကတိုင်းဦးစက်မုန်နဲ့အတွဲများနေတဲ့သတင်းပေါ့။ တိုင်းဦးစက်မုန်ကိုကြည့်ရတာ ခက်ထန်ပျိုဘက်ကိုအားသာနေလား။ သူမဆုံးဖြတ်တတ်။ လေယာဉ်မယ်ဆိုသူ ကဗျာနဲ့လဲ တိုင်းဦးစက်မုန်ကဆိုင်ထိုင်တာအတူသွားတာတွေရှိတာပဲမလား။ သို့ပေမယ့် ထူးခြားနေတာက gay လို့ဝန်ခံထားတဲ့အချေမင်းသားနဲ့အတွဲများနေတာပါပဲ။ ဒါဆို တိုင်းဦးစက်မုန်ကရော gay ပဲလား။

မင်းခေါင်ကိုယ်တိုင်က ခက်ထန်ပျိုကိုမြင်ချင်လို့ ဒီကိုတက်လာတာမလား။ ခင်ထန်ပျိုကအစွယ်ရခက်သား။ ကိုယ့်ဆီကျောက်ဝယ်တဲ့သူကိုတောင် ရိသဲ့သဲ့ပြောရင် မရောင်းပဲဝုန်းဒိုင်းကျဲမယ့်လူစားမျိုးဖြစ်နေ၏။ သေချာတာတစ်ခုက ခက်ထန်ပျိုအနားကပ်လို့မရ။ တိုင်းဦးစက်မုန်ကိုကြည့်လိုက်တော့ အများအမြင်မှာ ကျက်သရေရှိတဲ့လူကြီးလူကောင်းပါပဲ။ စကားပြောရတာ အလုပ်လက်တွဲလုပ်ရတာ အားလုံးအဆင်ပြေတယ်။ ခေတ်နဲ့အညီတင်စားမယ်ဆိုရင် ရုပ်ရှိရေလျှံ ဘဲတစ်ပွေပေါ့။ သူကရော ခက်ထန်ပျိုအပေါ်ဘယ်လိုစိတ်ထားလဲ။ မင်းခေါင်ကတော့ Treasure ကိုဝင်လာတာ သူ့အကြံနဲ့သူ။ သို့ပေမယ့် အရေးပါအရာရောက်နေတာတော့မဟုတ်။ သူနဲ့က ‌အဆင်ပြေတဲ့အချိန်အထိပဲ ရောင်းသူဝယ်သူအနေနဲ့ပတ်သတ်မှုတစ်ခုပဲရှိမှာဖြစ်သည်။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now