Part 18

24.2K 1.1K 16
                                        

Unicode

မင်းမဟော် သူ့ဖေဖေကိုတွေ့ဖို့စောင့်နေတာဖြစ်၏။ တစ်ရက်တစ်ရက် တိုင်းဦးစက်မုန်နဲ့ခက်ထန်ပျိုရဲ့နှစ်ယောက်အတူရှိနေတဲ့ပုံတွေကလဲ social media မှာသူမမြင်ချင်မှအဆုံး။ ဒီကြားထဲ ခက်ထန်ပျိုက တိုင်းဦးစက်မုန်ကို သူ့ချစ်သူပါလို့ တရားဝင်သူ့လေးလေးနဲ့မိတ်ဆက်ပေးတယ်ဆိုတဲ့ သတင်းကိုလဲ သူကြားလိုက်ရတယ်မလား။ တိုင်းဦးစက်မုန် မေမေနဲ့အရောဝင်နေတော့ ရင်းနှီးမှုရှိပေမယ့် တိုင်းဦးစက်မုန်ကိုတော့ အရောဝင်လို့မရသေး။ သူထိုင်နေတုန်း ဖေဖေဝင်လာတာတွေ့တော့ ဖေဖေ့ကိုထကြိုလိုက်ပြီး ဖေဖေ့အခန်းထဲလိုက်ဝင်လိုက်၏။

"သား ကိစ္စရှိလို့လား"

"ဟုတ်ကဲ့ ကျွန်တော်ဖေဖေ့ကိုမေးစရာရှိတယ်"

"အင်း မေးလေ"

"ဖေဖေ...၊ ဖေဖေနဲ့ မင်းခေါင်က ဘယ်လိုပတ်သတ်နေတာလဲ"

"ဖေဖေပြောပြီးပြီလေ၊ သေချာတောင်မသိဘူး"

"‌ဖေဖေအမှန်အတိုင်းဖြေပေးလို့မရဘူးလား၊ သူ ကျွန်တော့်ကိုဘာပြောလိုက်တယ်ထင်လဲ၊ Apex ရဲ့ပဲ့ကိုင်သူတွေနဲ့ ဖေဖေက အတိတ်မှာ ခွင့်လွှတ်လို့မရတဲ့အလုပ်လုပ်ခဲ့သလိုပြောနေတယ်"

သူ့စကားကြားတာနဲ့ဖေဖေမျက်နှာပျက်သွားတာသူမြင်လိုက်၏။ တကယ်ပဲ ဖေဖေက ပျို့မိဘတွေနဲ့ ဘယ်လိုပတ်သတ်ခဲ့လို့လဲ။

"ဖေဖေ"

"သား သိစရာမလိုဘူး၊ သားက ဒီအတိုင်းသားစိတ်ဝင်စားတာကိုပဲလုပ်နေ"

"ဖေဖေ့မှာကျွန်တော်ပဲရှိတာလေ၊ ပြီးတော့ ကျွန်တော်သိချင်တယ်ဖေဖေ"

"ဖေဖေက ဒီလိုနေဆိုနေလိုက် မင်းမဟော်"

"ဖေဖေလဲသိတယ်မလား ကျွန်တော်ခက်ထန်ပျိုကို ကြိုက်နေတာ"

"ကြိုက်နေတာ ဆက်ကြိုက်လေ တားနေလို့လား"

"ဒါပေမယ့်..."

"အဲ့ဒိအတိတ်ကိုမသိချင်နဲ့၊ Apex ကလဲအတိတ်ကို ဘယ်တော့မှသိမှာမဟုတ်ဘူး"

"ဖေဖေ တကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ"

"မင်းမဟော် ဖေဖေကမသိချင်နဲ့ဆိုရင်မသိချင်နဲ့ သားလိုအပ်တာမှန်သမျှ လုပ်ချင်တာမှန်သမျှ ခွင့်ပြုပေးပြီးသား၊ ကျန်တာတွေမသိချင်နဲ့"

ခက်ထန်ပျို (Complete) Uni & ZawgyiМесто, где живут истории. Откройте их для себя