Part 30

22.8K 1K 17
                                        

Unicode
(ရေးပြီးတော့ ကလိကလိဖြစ်နေလို့ တင်ပေးလိုက်ပြီ)

လေးဖင့်စွာ မျက်လုံးတွေဖွင့်ကြည့်ချင်ပေမယ့် ဖွင့်လို့မရသေး။ သူ့တစ်ကိုယ်လုံးနာကျင်နေ၏။ သူဘယ်ကိုရောက်နေတာလဲ သူမသိနိုင်သေး။ စကားသံသဲ့သဲ့ကိုတော့ကြားနေရသည်။ မျက်လုံးတွေဖွင့်မရပေမယ့် သူ့ကိုကြိုးတွေဘာတွေတုတ်မထားတာတော့ သူသိလိုက်၏။

"ဒီကောင်လေး အခုထိသတိလည်မလာသေးဘူးလား"

"မသိဘူး အသက်တော့ရှိသေးတယ်၊ ဆိုင်ကယ်နဲ့ပစ်ကျတဲ့အရှိန်ကနည်းတာမှမဟုတ်တာ"

"အင်း သူ့ဒုက္ခသူရှာတာပဲ၊ သေတဲ့သူကသေသွားတာကြာနေပြီကို ဘာလို့သိချင်နေတာလဲမသိဘူး"

"အေးလေ ဘဝကိုသက်တောင့်သက်သာဖြတ်သန်းနေရတာ စောစောစီးစီးသေချင်လို့နေမှာပေါ့"

ခက်ထန်လုံးဝနိုးနေပြီဖြစ်ပြီးသူတို့အချင်းချင်းပြောနေသံကိုကြားနေရ၏။ ခဏကြာတော့ ခြေသံတွေကဝေးသွားသည်။ သူမျက်လုံးကိုကြိုးစားပြီးဖွင့်လိုက်တော့ အလင်းရောင်အနည်းငယ်သာရှိတဲ့ တွင်းတစ်တွင်း။ ဒါဆိုသေချာပြီပေါ့ ကျောက်တွင်းအဟောင်းတစ်ခု။ ဘေးကိုကြည့်လိုက်တော့ သူ့ကျောပိုးအိတ်တော့ရှိသေးသည်။ သူထထိုင်လိုက်ပြီး မျက်လုံးတွေကိုကစားကြည့်လိုက်ကာ တစ်ခုခုကိုတွေ့လို့တွေ့ညားရှာဖွေရ၏။ ကျောပိုးအိတ်ကိုအမြန်ဖွင့်ကာ ပစ္စည်းတစ်ချို့ကိုထုတ်ယူပြီး နောက်ဖက်ကကျောက်သားတွေကြားပစ်ထည့်လိုက်၏။ ရေဘူးကိုဖွင့်သောက်လိုက်ပြီး နံရံကိုမှီထိုင်လိုက်သည်။ မိနစ်ပိုင်းကြာတဲ့အခါမှာတော့ ခြေသံတွေကြားလာရတော့သည်။ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူမြင်တွေ့ချင်နေသူကိုမြင်တွေ့လိုက်ရပြီလေ။

"ဘယ်လိုလဲကောင်လေး သေရတော့မယ်ဆိုတော့"

"ဘယ်သူလဲ သေမှာက"

"မင်းက အကြမ်းတော့ တော်တော်ခံတယ်နော်၊ စကားသံ‌နားထောင်ကြည့်ရတာ အလတ်ကြီးရှိသေးတယ်"

"ကျွန်တော်က ဦးခက်မာန်နဲ့ဒေါ်ပျိုဝတီသားပါ၊ ဘာလဲ ဖေဖေနဲ့မေမေလို ပျော့ညံ့မယ် လူတွေကိုအယုံလွယ်မယ်ထင်နေတာလား"

ခက်ထန်ပျို (Complete) Uni & ZawgyiNơi câu chuyện tồn tại. Hãy khám phá bây giờ