Unicode
ဝှီး~~~~
ဝူး~~~~
ကျွီ!
ညအချိန်မရှိပြိုင်ကားတွေပြိုင်နေတာဖြစ်ပြီး ကားတစ်စီးကဦးစွာ ပရိတ်သတ်ရှေ့အရင်ပြန်ရောက်လာပြီဖြစ်သည်။ ပြိုင်ကွင်းကိုပတ်နေသည့်တိုင် ဘယ်ကားလဲဖမ်းမမိရအောင်ရ ဝှီးကနဲ ဝူးကနဲ အသံသာကြားရပြီး သူတို့ရှေ့ပြန်ရောက်လာမှ ဘရိတ်အုပ်သံနှင့်အတူကားကတိကနဲရပ်သွား၏။ ကားထဲကထွက်လာသူကတော့တစ်ကိုယ်လုံးအနက်ရောင် leather တွေပဲဝတ်ထားတာဖြစ်ပြီး တစ်ကိုယ်လုံးနက်ဆွေးနေ၏။ မျက်လုံးရဲ့မျက်စံပါနက်ပြီးကြည်တောက်နေတာဖြစ်ပြီး အဲ့ဒိမျက်လုံးနဲ့စေ့စေ့ကြည့်လိုက်မိရင် အားလုံးကအကြည့်တွေမခံနိုင်ရအောင် မျက်လွှာချသွားမြဲ။ လက်ကိုပါလက်အိတ်အနက်ဝတ်ထားပြီး သူ့တစ်ကိုယ်လုံးမှာ အသားဘာရောင်လဲသိဖို့က မျက်နှာအသားအရည်ကိုပဲကြည့်ကာခန့်မှန်းရတော့သည်။ ဆံပင်တစ်ခုပဲအရောင်ခွဲထွက်အောင်ဆိုးထားပုံရ၏။
ဝုန်း~~
နောက်မှထပ်ဆိုက်လာမယ့်ပြိုင်ကားတွေကိုစောင့်ရင်း သူ့ကားအမိုးပေါ်ကိုခုန်တက်ထိုင်လိုက်ပြီး အိတ်ကပ်ထဲကဆေးလိပ်နဲ့မီးခြစ်ထုတ်ကာ မီးညှိရင်းဖွာလိုက်သည်။ ဆေးလိပ်ကိုရှိုက်ယူပြီးအငွေတွေကိုပါးစပ်ထဲမှာသိမ်းဆည်းထားကာ များလာကာမှ ပါးစပ်အနည်းငယ်ဟကာသူလိုချင်တဲ့ပုံစံအတိုင်းအငွေ့တွေကိုဖန်တီးလိုက်တော့သည်။ မျက်နှာရှေ့မှာအငွေ့တထောင်းထောင်းနဲ့ထိုလူကိုအားလုံးကဝိုင်းငေးနေကြသည်။ ထိုသူက နားအဖျားမှာ နားပေါက်နှစ်ဖက်စလုံးဖောက်ထားပြီး နားရဲ့အပေါ်အရိုးနုမှာတော့ သုံးပေါက်ခပ်စိပ်စိပ်တန်းဖောက်ထား၏။ နှာတံကသွယ်ပြီးပေါ်၍ နှုတ်ခမ်းကလဲခပ်ပါးပါးနှင့်ထိုလူရဲ့အရပ်ကလဲရှည်သည်။ လက်ချောင်းတွေနဲ့လက်ကောက်ဝတ်မှာလဲ accessories တွေဝတ်ထားပြီး accessories တွေကိုကြည့်လိုက်ရင် သာမာန်မဟုတ်ပဲ အရောင်တွေတဖြတ်ဖြတ်တောက်ပနေ၏။ ဈေးကွက်ထဲမှာ သူဝတ်ထားသလို accessories design မျိုးမတွေ့ရသလို ဒီလူကသူ့အတွက်သီးသန့်အပ်ပြီးဝတ်တာဖြစ်လောက်သည်ဟု ခန်းမှန်းကြသည်။ ခဏအကြာမှ တာအတူစထွက်တဲ့ပြိုင်းကားတွေတစ်စီးပြီးတစ်စီး ဆိုက်လာတော့သည်။
BINABASA MO ANG
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
