Part 11

28.4K 1.4K 63
                                        

Unicode

Treasure airline မှာနာမည်ကြီးနေတဲ့သတင်းကတော့ Treasure ရဲ့ Boss က Apex ကကောင်လေးကို လေယာဉ်ပေါ်တင်ပြီး propose လုပ်တဲ့သတင်းပါပဲ။ Airline တစ်ခုလုံးသတင်းကတစ်စတစ်စပွလာတော့သည်။

"စစ်ရယ် သေချာရဲ့လား"

"သေချာပါတယ်ဆို Pilot ကိုဇေယျာ ကိုယ်တိုင်ပြောတာပါဆို"

"တကယ်သာဆိုလို့ကတော့ ဘယ်လိုတွေလာအုန်းမလဲမသိဘူး ဟိုကောင်လေးက ဆိုးကဆိုးနဲ့"

"အံမယ် အဲ့ဆိုးတဲ့ကောင်လေးကို ယူတို့ Boss ကလေယာဉ်ပေါ်ခေါ်ပြီးချစ်ခွင့်ပန်တာကိုထည့်ပြောအုန်းလေ"

"အေးနော် Boss ကမထင်ရဘူးသိလား"

"အဲ့ဒါပြောတာ လူပျိုကြီးတွေရိုရင် လိုက်မမှီဘူး"

"အခုတော့ငါတို့ Boss တွဲတဲ့သူရှိသွားပြီပေါ့"

"Treasure နဲ့ Group တစ်ခုထဲနေပြီးငါတို့ကအသိနောက်ကျနေတာ၊ Jewellery ပိုင်းကလူတွေဆို ရိပ်မိနေတာကြာပြီတဲ့"

"ဟုတ်လားပြောပါအုန်း"

"Apex နဲ့ Treasure ပူးပေါင်းပြီး KH'T Jewellery ဆိုပြီး Luxury ဆန်ဆန်ရတနာတွေရောင်းနေတာလေ၊ အဲ့မတိုင်ခင်ထဲက နှစ်ယောက်သားက ဖွင့်မပြောသေးပဲတွဲခုတ်နေတာတဲ့တော်"

"အား အဲ့ကလူတွေတော့ သွားရေကျနေကြမှာပဲ"

"ဆိုင်နာမည်ကိုကြည့်ပါလား ဘာမှမဆိုင်သေးပဲနဲ့ KH'T လို့ပေးထားတာ၊ ပေးတဲ့သူကပေးတယ် ငြိမ်တဲ့သူကငြိမ်နေတယ်"

"ဟဲ့ ဘာလဲ KH'T က"

"ခက်ထန်ရဲ့တိုင်းလေဟယ်"

"ဘုရား ဘုရား ငါကဘာလို့ကြားထဲကရင်ခုန်နေရတာလဲ"

"အဲ့တာပြောတာ သူ့လူမှန်းသိအောင်ဆိုင်နာမည်ပေးချထားတာ၊ ခက်ထန်ပျိုရဲ့လူဆိုလို့ကတော့ သွားမထိတော့နဲ့ ဝေးဝေးရှောင်တော့လို့ကြေငြာထားတာပဲ"

"သူတို့ခေတ်ပဲ"

လေယာဉ်မယ်တွေ လေယာဉ်ဆင်းလို့ ယူနီဖောင်းလဲရင်းတစ်ယောက်တစ်ပေါက်ပြောနေကြတာဖြစ်၏။ ဒါကို အဝတ်လဲခန်းထဲက ကဗျာလဲကြားနေရသည်။ ဒါဆို ကိုစက်က gay လား။ သူမမှာစဉ်းစားစရာတွေပုံလာသလိုပင်။ သူမနဲ့ထိုင်နေတုန်း တခြားကိုစိတ်ရောက်နေတယ်ဆိုတာ ကောင်လေးတစ်ယောက်ဆီကိုပေါ့။ ထိုကောင်လေးကလဲ Apex ရဲ့အမွေဆက်ခံသူ။ ဒါကို ကိုစက်မေမေရောသိပြီးရဲ့လား။ ကိုစက်က gay မို့လို့ သူမကိုအစထဲကမမြင်တာလား။

ခက်ထန်ပျို (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora