Extra 1

26.4K 1K 16
                                        

Unicode
(ဆေးပညာပိုင်းဆိုင်ရာနှင့်ပတ်သတ်ပြီး ကိုယ်တစ်ယောက်ထဲရဲ့စိတ်ကူးယဥ်အမြင်သာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်စေလိုချင်းမရှိပါ)

အတူတူကိုယ်ဝန်ဆောင်ကြမလားရဲ့စကားက အတည်ဖြစ်သွားမယ်လို့မထင်ခဲ့။ အခုတော့သူတို့နိုင်ငံရပ်ခြားကဆေးရုံတစ်ရုံမှာရောက်ရှိနေတာဖြစ်၏။ မမျိုးဥမယူဘူးဆိုတဲ့ ခက်ထန်ရဲ့ခေါင်းမာချက်ကြောင့်ရယ် အဲ့ဒါဆိုပိုးအပြောင်းအလဲဖြစ်အောင် ဟော်မုန်းဆေးသောက်ရမယ်ဆိုတာကို မသောက်ရဘူးလို့ခေါင်းမာတဲ့ စက်မုန်ရယ်ကြောင့် အခုသူတို့နှစ်ယောက်ရဲ့အဖိုသုတ်ပိုးတွေကို ဘယ်လိုပြုပြင်မွန်းမံလို့ရလဲဟုကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးနေတာဖြစ်သည်။ သုတ်ပိုးတွေကိုရယူပြီးနေပြီး စစ်ဆေးကြည့်ပြီးတဲ့အခါ အားလုံးကလဲအဆင်ပြေ၏။ အဲ့ထဲမှာမှ အဖိုကနေအမပြောင်းပြောင်းဖို့အတွက်ဆေးဝါးတွေနဲ့ပြုပြင်ယူဖို့ လုပ်ဆောင်ကြရတော့မှာဖြစ်သည်။ နှစ်ခုပေါင်းစပ်လို့သန္ဓေသားဖြစ်မှ သူတို့ခွဲစိတ်ပြီးအထဲထည့်မှာဖြစ်၏။

သူတို့ပိုးတွေထားခဲ့ပြီး မြန်မာပြည်ကိုပြန်ကာအလုပ်လုပ်လိုက် အဆင်မပြေလို့ သုတ်ပိုးတွေထပ်ယူရလိုက်နှင့်။ ဒါနဲ့ဆို သုံးခါမြောက်ဖြစ်သည်။ လေးလေးကတော့ပုံမှန် အမျိုးသမီးတစ်ယောက်ကို အငှားကိုယ်ဝန်ဆောင်စေချင်သည်။ ဒါပေမယ့် ခက်ထန်ရောစက်မုန်ရောက မရ။ သူတို့သွေးသားကို တခြားသူရဲ့သွေးနဲ့မရောယှက်ချင်ဘူးတဲ့လေ။ အခုလိုလုပ်တာမှမအောင်မြင်ရင် အယူဘူးဟုဆိုလာ၏။ စက်မုန်က Treasure airline ဘက်ကိုအာရုံစိုက်နေပြီး ခက်ထန်က KH'T Jewellery ပိုင်းနဲ့ Apex ကိုဝင်ကူနေပြီဖြစ်၏။ မင်းမဟော်ကိုတော့ သူတို့ Treasure jewellery ဘက်မှာဆက်လက်လုပ်ကိုင်ခိုင်းထား၏။ ခက်ထန်နိုးလာတော့ မင်းမဟော်ကိစ္စကိုပြောပြ‌ဖြစ်၏။ ခက်ထန်က သူ့အဖေလုပ်ရပ်သူ့အဖေပြန်ပေးဆပ်နေပြီပဲ ထားလိုက်ပါဟု ဆိုလာသည်။ မင်းမဟော်ကိုယ်တိုင်ခက်ထန်ကိုတွေ့ကာ သူ့ဖေဖေလုပ်ရပ်အတွက်တောင်းပန်ပြီးသူ့ဘက်ကိုပြန်ကြည့်ပေးလာတာကြောင့်ကျေးဇူးတင်စကားဆိုလာ၏။ မင်းဝဏ္ဏကတော့ မင်းမဟော်ကို လာလာကြည့်ရှာသည်။ သူ့ဖေဖေကိစ္စတွေရော ခက်ထန်ကိစ္စတွေရောဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ မင်းမဟော်ရဲ့ကမ္ဘာကြီးကတိတ်ဆိတ်နေ၏။ ဒါကိုမင်းဝဏ္ဏကတော့မကြိုက်။ တစ်ခါတစ်လေ မင်းမဟော်ကိုအပြင်ခေါ်ထုတ်ပြီး နေ့လည်စာ ညစာအတူစားပေးသည်။ စကားတွေပြောပေးရင်းစိတ်ထွက်ပေါက်ရအောင်လုပ်ပေး၏။

ခက်ထန်ပျို (Complete) Uni & ZawgyiМесто, где живут истории. Откройте их для себя