Unicode
(Warning !!)
ခက်ထန်ပျို အိမ်ပြန်ရောက်တော့မိုးချုပ်နေပြီလေ။
ဝူး~~~~
ဝေါ~~~~
ခြံရှေ့မရောက်သေးပေမယ့် ဆိုင်ကယ်သံကြားတာနဲ့ဂိတ်စောင့်ကတံခါးဖွင့်ပြီးနေပြီဖြစ်၏။ ဆိုင်ကယ်ကိုရုံထဲသွားမသွင်းတော့ပဲ ကားပါကင်မှာရပ်ကာ အထဲဝင်လိုက်သည်။
"လေးလေး ရော့အိတ်ထဲမှာ ကျွန်တော် ၁ နာရီလောက်အိပ်လိုက်အုန်းမယ်၊ ဘာသံမှမကြားချင်ဘူး"
လေးလေးကိုကျောပိုးအိတ်ပေးခဲ့ကာအပေါ်တက်သွားတော့သည်။ သူနည်းနည်းပင်ပန်းနေတယ်လေ။ ကျောပိုးအိတ်ထဲထည့်သယ်လာတာရော ပြီးတော့ ကျောက်တွင်းကအထွက်မြို့ပြင်တစ်နေရာမှ သူ့ကိုလူစိမ်းတွေဝိုင်းလာသေးတယ်မလား။ စိန်ထွက်တာကို မပြောပေမယ့် ကျောက်တွင်းကသူတွေရဲ့ဝမ်းသာပြီးပြောတာတွေက အပြင်ကလူတွေဆီရောက်သွားပုံရသည်။ ကိုယ့်ဆီမှာ စိန်ပါမပါမသိပေမယ့် သူတို့ကိုကိုယ့်ကိုပြန်ပေးဆွဲပြီး လေးလေးဆီငွေညှစ်မယ့်ပုံစံဖြစ်၏။ သူ့ကိုဝိုင်းလာတဲ့ လူလေးငါးယောက်နဲ့တစ်ပွဲတစ်လမ်းနွှဲလာရသေးတယ်လေ။ လက်ပြင်တောင်နည်းနည်းထိသွားတယ်မလား။ သူတို့မှာက သစ်ပိုင်းတွေနဲ့ဖြစ်ပြီး သူမှာကဘာမှပါမလာတာကြောင့်ဖြစ်၏။ ရေချိုးခန်းထဲကမှန်မှာကြည့်လိုက်တော့ လက်ပြင်ကအနည်းငယ်ရဲနေပြီး နောက်ရက်ဆိုညိုလာမယ့်ပုံရှိသည်။ သူရေချိုးလိုက်ပြီး ခေါင်းပါလျှော်ပစ်ကာ bathrobe ကောက်ဝတ်၏။ Dryer နဲ့ဆံပင်ခြောက်အောင် မှုတ်လိုက်ပြီး မွေ့ယာပေါ်ကိုအားယားမှောက်ချလိုက်ပြီး ခေါင်းအုန်းကိုမျက်နှာအပ်ကာ ခေါင်းအုန်းအောက်လက်တွေထိုးပြီး အိပ်လိုက်တော့သည်။
ဦးခက်မုန်းကတော့ မနက်ကျကျောက်ကိုသန့်စင်ခွဲထုတ်ဖို့ အခုထဲကစိတ်လှုပ်ရှားနေသည်။ သားထမင်းဆင်းစားမလား အောက်ကဧည့်ခန်းထဲမှာပဲထိုင်စောင့်နေလိုက်၏။ ၁နာရီလောက်အိပ်မယ်ဆိုတဲ့သားက တစ်ကယ်ကိုတစ်နာရီပဲအိပ်သည်။ အောက်ပြန်ဆင်းလာတော့ သားကဝတ်စုံပြည့်နှင့်။ နှာခေါင်းတွေရောနှုတ်ခမ်းတွေရော သူ့မျက်နှာမှာရှိတဲ့ဖောက်ထားသမျှအပေါက်တွေမှာ အဆင်တန််ဆာတွေဝတ်လာ၏။
VOUS LISEZ
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
