Part 12

20.8K 1.1K 20
                                    

Unicode

ဘားမှာဖြစ်သွားတဲ့ကိစ္စကအရမ်း ဟော့နေတယ်မလား။ လူတိုင်းပါးစပ်ဖျားမှာထမင်းစားရေသောက်သလို‌ပြောနေတာဖြစ်၏။

"သား ခက်ထန်"

"ဗျ"

အိမ်ကြီးရဲ့ဧည့်ခန်းထဲမှာ ဦးခက်မုန်းက ဆိုဖာတစ်ဖက်မှာထိုင်နေပြီး ခက်ထန်ကတစ်ဖက်ဆိုဖာမှာ တစ်ဖက်ဆိုဖာလက်တန်းကိုခေါင်းအုန်းကာ တစ်ဖက်ဆိုဖာလက်တန်းကိုခြေတင်ထားပြီး tablet တစ်လုံးနဲ့ဘာကြည့်နေလဲမသိ။ လေးလေးအခေါ်ကိုမကြည့်ပဲထူးသည်။

"သား ထိုင်အုန်း"

"Yes Boss!"

ဘယ်လောက်ပဲ တစ်ခုခုထဲစိတ်ရောက်နေပါစေ ဘေးကပြောတာတွေတော့ ခက်ထန်ပျိုကအကုန်သိသည်။ Tablet ကိုင်ထားရင်ပင် ခြေထောက်တွေကိုချကာ ထိုင်၏။ ခဏအကြာမှာတော့ tablet ကိုချကာ

"လေးလေး ပြောလေ"

"ရန်ဖြစ်ထားသေးတယ် ဟုတ်လား"

"ရန်ဖြစ်တာမဟုတ်ပါဘူး ပညာပေးတာပါ"

"ဘာကွာသွားလဲ"

"ကွားတာပေါ့လေးလေးကလဲ၊ သား ရည်းစားကိုလာလုချင်နေတဲ့သူတွေ နည်းနည်းတော့တွန့်သွားကြမှာပေါ့"

"တိုင်းဦးစက်မုန်က မထိန်းပဲနဲ့ ကလေးနဲ့လိုက်ဆိုးနေတာပါလား"

"မဆိုးပါဘူး လေးလေးကလဲ ချစ်လို့အလိုလိုက်တာပါ"

ဦးခက်မုန်းမှာလဲ တူတော်မောင်ကိုပဲလက်လန်တယ်ပြောရမလား မတော်ရသေးတဲ့တူသမက်ကိုပဲ လက်လန်တယ်ပြောရမလား။ သားထက် ၅နှစ် ၆နှစ်လောက်ကြီးတော့ ထိန်းထိန်း‌သိမ်းသိမ်းဖြစ်မယ်ထင်ထားတာ အခုတော့တလွဲ။ ခက်ထန်ပျိုမှာ လေးလေးရဲ့ဖြစ်သွားတဲ့ပုံကိုကြည့်ကာ အော်ရယ်လိုက်တော့သည်။

"လေးလေး ကလဲအဲ့လိုပုံကြီးမနေစမ်းနဲ့ ၁၀ နှစ်လောက်ထပ်အိုသွားသလိုပဲ"

"အဲ့တော့ လေးလေးကပျော်နေရမှာလား"

"သား ထိန်းပါ့မယ်၊ ဟုတ်ပြီလား၊ ဒီလေးလေးတစ်ယောက်ထဲ ရှိတာ စိတ်ညစ်စေလို့ဘယ်ဖြစ်မလဲ"

ခက်ထန်ကပြောလဲပြော သူ့လေးလေးဘက်သွားကာ ဦးခက်မုန်းကိုဖက်ကာလှုပ်ရမ်းတော့သည်။ ဦးခက်မုန်းမှာ ဆူချင် သင်ချင်တဲ့အခါ တူ‌လေးကဒီလိုမျိုးလာလုပ်ရင် ဘယ်လိုမှမရတော့။ အလိုလိုက်ချင်စိတ်က တဖွားဖွား။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now