Unicode
မိုင်းဇက်နိုးတော့ သူ့ဘေးမှာ ရှိုင်းမရှိတော့။ ခြောက်ကပ်စွာရယ်လိုက်ပြီး ထဖို့ကြိုးစားပေမယ့် သူမထနိုင်။ သူ့ကိုယ်မှာလဲ ကပ်စေးနေပြီးညစ်ပတ်နေ၏။ ရှိုင်းကဆေးအရှိန်နဲ့ကြောင့်ပဲလား သူ့ပါးစပ်ထဲမှာတစ်ခါပြီးလိုက်တယ်မလား။ ပါးစပ်ဟဟုဆိုကာသူ့ပါးစပ်ထဲထိုးထည့်လာကာစုပ်ယူခိုင်းတာ။ များလွန်းလို့အကုန်မြိုချမရပဲ ပျို့တက်ကာအန်ထွက်လာ၏။ အေးလေ ရှိုင်းကသူ့ကိုဆေးကြောပေးဖို့တွေ ဘာကိစ္စလုပ်ပေးမှာလဲ။ တကယ်ပါ သူ့တစ်ကိုယ်လုံးမှာ ပေပွနေပြီး နံစော်နေ၏။ တစ်ညလုံးလုပ်ထားတဲ့အရှိန်ကြောင့် ကိုင်ရိုက်ထားသလို သူလှုပ်ရှားဖို့ခက်ခဲနေသည်။ သူ့ကိုထူပေးဖို့ တစ်ယောက်ယောက်လိုနေတယ်။ သူဘယ်သူ့ကိုခေါ်ရမှာလဲ။
ချပ်~
တံခါးဖွင့်သံကြောင့် သူရင်တုန်သွား၏။ သူမထနိုင် ခေါင်းကိုလှည့်ကာကြည့်လိုက်တော့ ဝင်လာသူက ရှိုင်း! သူတစ်ယောက်မဟုတ် နောက်မှာ ခက်ထန်ပျိုပါ,ပါလာသည်။ ဒါကဘာလဲ သူ့ကိုဝိုင်းလှောင်ဖို့လား။ သူချက်ချင်း ခေါင်းပြန်လှည့်လိုက်၏။
"သူမထနိုင်ဘူးလား"
ခက်ထန်ကရှိုင်ကိုမေးလိုက်တာဖြစ်ပြီး သူအကုန်ကြားနေရသည်။ လှောင်မယ့်စကားတွေတော့မဟုတ်။
"ထင်တာပဲ"
"မင်း ဘယ်လိုတောင်လုပ်ထားတာလဲ"
"မသိဘူး"
"ကောင်းတယ် မသိနဲ့၊ လုပ်ရေချိုးခန်းထဲ bathtub ထဲရေသွားစပ်၊ ငါ ဆရာဝန်ခေါ်ပေးမယ်"
ရှိုင်းက ရေချိုးခန်းထဲရေသွားစပ်တော့ ခက်ထန်ကအသိဆရာဝန်ကိုဖုန်းဆက်ခေါ်၏။ ခဏအကြာတော့ ရှိုင်းကပြန်ထွက်လာပြီး မိုင်းဇက်အပေါ်ကစောင်ကိုဆွဲယူဖို့လုပ်သည်။ ဒါကိုမိုင်းဇက်ကဆွဲထားပြီး
"ငါ့ကို ဒါမျိုးနဲ့ရင်းနှီးကျွမ်းဝင်တဲ့လူတစ်ယောက်ပဲခေါ်ပေး၊ ငါ့ပါငါလုပ်မယ်"
ခပ်အက်အက်အသံကထွက်ပေါ်လာ၏။
"လူကြည့်တော့ လှုပ်တောင်မလှုပ်နိုင်ဘူး၊ တခြားသူရောက်လာရင် မင်းပုံကြည့်ပြီးထပ်ချသွားလိမ့်မယ်"
ВЫ ЧИТАЕТЕ
ခက်ထန်ပျို (Complete) Uni & Zawgyi
ФэнтезиTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
