Unicode
(Warning !!)
အိမ်ခန်းထဲအောင်းနေတဲ့ မိုင်းဇက်ဆီ ကဗျာရောင်လာ၏။ သူမမောင်က ထမင်းစားပြီးတာနဲ့ အခန်းထဲပဲပြန်ပြန်ဝင်နေတယ်လို့သတင်းရထားတယ်မလား။ ပြီးခဲ့ရက်ပိုင်းအတွင်းကမှအပြင်ထွက်တာအရမ်းစိတ်နေတဲ့မောင်ဖြစ်သူက ဒီရက်ပိုင်းငြိမ်နေပြန်သည်။
"မိုင်းဇက် မမဝင်လာပြီနော်"
အခန်းတံခါးဖွင့်ကာဝင်လာတော့မတွေ့။ ရေချိုးခန်းကရေသံကြားရတာကြောင့် သူမပြန်မထွက်ပဲထိုင်စောင့်နေလိုက်၏။ ခဏအကြာထွက်လာတဲ့သူကို သူမ ကြည့်ကာမျက်မှောင်တွေကျုတ်မိသည်။ အပေါ်တစ်ပိုင်း ခန္ဓာကိုယ်မှာတစ်ခုခုနဲ့ထိထားတာကြောင့် ဒဏ်ရာဖြစ်နေသလို အညိုအမဲတွေမလား။
"နင် ဘာဖြစ်ထားတာလဲ ရန်ဖြစ်ထားတာလား"
သူမအနားတိုးကာ သွားကြီးပြီးပြောတော့ သူမကိုရှောင်ဖယ်ကာ အဝတ်သွားလဲ၏။ မိုင်းဇက်ဘယ်သူမှမသိအောင်နေပါတယ်ဆိုမှ တည့်တည့်တိုးသလိုဖြစ်နေပြီ။ သူနဲ့ဘားမှာထိုင်းရင်း ရင်းနှီးသွားတဲ့ဘော်ဒါတစ်ယောက်ရှိတယ်မလား။ စကားစပ်မိရင်း သူကလဲခက်ထန်ပျိုနဲ့ညိဖူးတာသိလိုက်ရ၏။ သူကပိုဆိုးတာက ခက်ထန်ပျိုအိမ်နားမှာ အသိတစ်ယောက်ရှိတာကြောင့်ခက်ထန်ပျိုအချိန်မရှိထွက်တာကအစသိသည်။ ရင်ဘတ်ကရိုက်ခံထားရသလို ဒဏ်ရာတွေကိုကြည့်ရင် ဒေါသထွက်သလို ကိုယ့်ကိုပြန်ထိုးချင်လာသည်အထိ။
အဲ့ညကသူ့ကို သန်းခေါင်ကျော်မှဖုန်းဆက်လာတာကြောင့်ရော သူအိပ်မပျော်သေးတာကြောင့်ရောထွက်ခဲ့လိုက်တာဖြစ်၏။ တကယ်ပဲ ခက်ထန်ပျိုကတစ်ယောက်ထဲထွက်လာတာဖြစ်ပြီး သူတို့နှစ်ယောက် ခက်ထန်ပျိုကားနဲ့အတူယှဉ်လိုက်ဖြစ်သွားတာ။ ဒုက္ခလေးနည်းနည်းရောက်အောင်လုပ်မယ်ဆိုပြီးခေါ်ထုတ်သွားပေမယ့် ခက်ထန်ပျိုကအရင်ကထက်ပိုပြီးအကြောမာတာကိုသူမေ့နေတာ။ ရှေ့ကပိတ်မောင်းနေတုန်းမထင်မှတ်ပဲ ဝင်တိုက်သွားတာမလား။ သူကနည်းနည်းတော်သေးတယ်ပြောရမယ် steering နဲ့သွားရိုက်မိသွားတာ ဟိုတစ်ယောက်ကသစ်ပင်တောင်ဝင်ကြုံးသွားတာဖြစ်၏။ ကိုယ့်လုပ်ရပ်နဲ့ကိုယ်ဆိုတော့အိမ်လဲမပြောနိုင်ကြိတ်ခံစမ်းပဲ။ အခုတော့ ဒေါ်ကဗျာအမေးတွေက်ုဖြေရအုန်းမယ်။ အဝတ်လဲပြီးထွက်လာတာနဲ့စစ်ဆေးတော့သည်။
YOU ARE READING
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
