Part 23

25.2K 1.1K 17
                                        

Unicode
(Double up)

"‌Baby ကျွန်တော် ဒီနေ့မအားဘူး"

.......

"Baby လဲမလာနဲ့လေ၊ နောက်ရက်မှတွေ့ရအောင် လေးလေးနဲ့ နည်းနည်းဆွေးနွေးစရာရှိလို့"

.......

"အင်းအင်း ချစ်တယ်"

ခက်ထန် ကျောက်တွင်းသွားရင်းနဲ့သိလာတဲ့အကြောင်းအရာရှိတယ်မလား။ ရှိုင်းကအခုတော့သူ့ဆီရောက်နေ၏။ အကြောင်းအရင်ကတော့ ပြောရင်ကောင်းမလား ဆိုပြီးဖုန်းခေါ်လိုက်ချလိုက်လုပ်နေတာကြောင့်ပင်။ ခက်ထန်အဲ့လိုလုပ်တဲ့အချိန်ဆို ကိစ္စအကြီးကြီးတစ်ခုရှိနေတာ ရှိုင်းကအလိုလိုသိနေတာဖြစ်ပြီး အခုလိုရောက်လာရတာဖြစ်သည်။ လေးလေးလဲရှိနေတာဖြစ်၏။

"သား ဘာသိချင်လို့လဲ လေးလေးကိုပြောလေ"

ခက်ထန်သူ့မျက်နှာတစ်ပြင်လုံးကို ပွတ်သတ်လိုက်ပြီး

"ဖေဖေနဲ့မေမေ ဆုံးတုန်းက အနားမှာဘယ်သူမှမရှိဘူးလား"

"ကြာခဲ့ပြီ ရုတ်တရက်ကြီး"

"အင်း သားသိချင်လို့"

"အဲ့တုန်းက အခုကျောက်တွင်းပါမစ်ပေးတဲ့ဝန်ကြီးဦးသိန်းဆောင်နဲ့လူအစောင့်တွေပါရှိနေတယ်လေ၊ ဒါကလဲ လေးလေးကဘေးကလူတွေပြောပြမှသိရတာလေ၊ သားဖေဖေတို့ဆုံးမှဖေဖေကဟိုကပြန်လာရတာ၊ သူတို့‌ကိုတော့ ဆေးရုံမှာသွားတွေ့ဖြစ်သေးတယ်"

"သူတို့ပဲလား ဘယ်သူရှိသေးလဲ လေးလေး"

သူသိထားတာ မင်းခေါင်ဆိုတဲ့နာမည်သိလာရတယ်မလား။ ဦးခက်မုန်းအနေနဲ့ကလဲ ပျောက်နေတယ် သေလောက်တယ်ဆိုပြီး အိမ်ထိန်းကဖုန်းဆက်လာမှ သိပြီးချင်ချင်းပြန်လာရတာမလား။ ဒီမှာသူနဲ့သိသူက ခပ်ရှားရှားရယ်။ ပြန်ရှာတွေ့တဲ့ အစ်ကိုဖြစ်သူနဲ့မရီးဖြစ်သူရဲ့နာရေးကိုပဲ အာရုံစိုက်လုပ်ပေးဖြစ်ပြီး အားလုံးပြီးမှ သေတွင်းကလွတ်လာတယ်ဆိုတဲ့ ဝန်ကြီးကိုသွားတွေ့ဖြစ်တာဖြစ်သည်။ ဝန်ကြီးကသူ့ကိုတွေ့တော့ မျက်ရည်တွေကျကာ စိတ်မကောင်းကြောင်းအတွင်တွင်ပြောနေတာဖြစ်၏။ နောက်ပိုင်း အစ်ကို့လုပ်ငန်းကိုဆက်လုပ်ရတော့ ဒီဝန်ကြီးနဲ့ပဲလက်တွဲရမှာဆိုတော့ စကားတွေဘာတွေပြောဖြစ်ပြီး သူအလိုရှိရာ ကိုယ်အလိုရှိရာ ညှိနှိုင်းပြီးလုပ်ငန်းပြန်လည်ပတ်ရတာမလား။ သားမေးမှသူသတိထားမိသွားပြီး

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now