Unicode
{Double update ပါနော် နောက်ရက်မှန်ချင်မှမှန်ပါမယ်}
(ကျောက်တူးတာတွေ၊ ကျောက်အောင်တာတွေ၊ ကျောက်အမျိုးအစားတွေသည် ကိုယ့်ရဲ့စိတ်ကူးယဉ်မျှသာဖြစ်ပါသည်)
စက်မုန် အငယ်ကိုသွားချော့ဖို့ပြင်နေတာဖြစ်၏။ ညက သူသေချာသိလိုက်တာကတကယ်ကိုကိစ္စအကြီးကြီးရှိတယ်ဆိုတာပါပဲ။ အငယ်ပြန်သွားတာနဲ့ မင်းမဟော်ကပိုကာငိုတော့သည်။ ပြီးတာနဲ့ 'တောင်းပန်ပါတယ်' ဆိုပြီးတောက်လျှောက်ရွတ်ကာ ငိုတော့သည်။ ဘာမှထပ်ပြောမလာပဲ 'တောင်းပန်ပါတယ်ပျို' ဟုသာအထပ်ထပ်ပြောနေတာမလား။ ဒါကိုက ကိစ္စအကြီးကြီးရှိတာကိုပြနေတာပင်။ ဒီကောင်လေး သူ့အဖေလျှို့ဝှက်ထားတဲ့ကိစ္စကိုသိနေတယ်။ ဘာလဲဆိုတာထုတ်ပြောလို့မရအောင် လုပ်ထားတဲ့ကိစ္စကကြီးနေတာပဲဖြစ်ရမယ်။
ကားကိုမောင်းကာ ခက်ထန်ပျိုအိမ်ကိုထွက်ခဲ့လိုက်၏။ ဒီနေ့တစ်နေ့လုံးအငယ်နဲ့ကုန်ဆုံးဖို့ကိုလဲတွေးထားတာကြောင့် ပီဇာထဲကအငယ်ကြိုက်တဲ့ ဝက်သားနာနတ်သီးကိုရွေးဝယ်လိုက်သည်။ ပြီးတာနဲ့ထွက်ခဲ့လိုက်၏။ အငယ့်အိမ်မှာရှိတဲ့ ဂိတ်စောင့်တဲ့သူရော သန့်ရှင်းရေးလုပ်တဲ့သူရောသူ့ကိုသိနေပြီဖြစ်ပြီး သူ့ကားတွေ့တာနဲ့ တံခါးကပွင့်သွားတော့သည်။ ကားကိုပါကင်မှာရပ်ကာ ပီဇာနဲ့အအေးကိုယူပြီးအထဲဝင်သွား၏။ အထဲရောက်တာနဲ့ ဧည့်ခန်းမှာထိုင်နေတဲ့လေးလေးကိုတွေ့၏။
"လေးလေး"
"ဟေ!"
လေးလေးကသူခေါ်မှလှည့်ကြည့်ပြီး အံ့ဩသွားကာ
"သား စက်မုန် ဒီကိုလာတာလား"
လေးလေးကသူ့ကိုအငယ်လိုပင် သားလို့ခေါ်တာဖြစ်၏။ ဒါပေမယ့် အခုလေးလေးမေးလိုက်တာကတစ်မျိုးဖြစ်နေသည်။ သူကအငယ်ဆီလာတာပဲပေါ့ ဘယ်ကိုလာရအုန်းမှာလဲ။ သူလေးလေးရှေ့ဝင်ထိုင်လိုက်ရင်း
"ဒီကိုပဲလာတာလေ လေးလေးရဲ့၊ အငယ်အခန်းထဲမှာလား"
"မဟုတ်သေးပါဘူး မင်တို့ကတစ်ခုခုလွဲနေပြီ"
"ဘာဖြစ်လို့လဲ"
"မင်းအငယ်က မနက်ကအစောကြီးခရီးထွက်မလို့ဆိုပြီးတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးယူပြီးထွက်သွားတယ်လေ"
BẠN ĐANG ĐỌC
ခက်ထန်ပျို (Complete) Uni & Zawgyi
Viễn tưởngTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
