Final

34.9K 1.1K 26
                                        

Unicode
(Warning !!!) Exclamation mark ကဘာ့ကြောင့် ၃ ခုတောင်လဲ?? Why why why 😢

ဆေးရုံမှာ ရက်အနည်းငယ်နေရမယ်ဆိုတဲ့နောက်မှာတော့ သူတို့အခန်းထဲဘယ်သူမှမဝင်ချင်တော့တာပါပဲ။ ဝင်လိုက်တာနဲ့ပက်လက်ဖြစ်နေတဲ့စက်မုန်ခါးကိုခွထိုင်ကာ စိတ်ရှိတိုင်းနမ်းနေတဲ့ ခက်ထန်ကိုတွေ့ရမှာဖြစ်၏။ ဘာမှမကြားရဘူးဆိုတဲ့နားလေးကို အကာအကွယ်ယူကာ ဘယ်သူဝင်လာလာ သူမသိဘူးဆိုတဲ့အကြောင်းပြချက်နဲ့လုပ်ချင်တိုင်းလုပ်နေတော့တာ။ သူမသိလဲ အစ်ကိုစက်မုန်ကသိတာပဲ နမ်းနေတာကိုပုတ်ပြီးပဲဖြစ်ဖြစ်တွန်းပြီးပဲဖြစ်ဖြစ် ဖယ်လို့ရတာပဲ။ ဒါကိုသူကလဲ နားကန်းကြီးလုပ်ကာ လျစ်လျှူရှု့ထား၏။ အခုဆို ဦးသိန်းဆောင်နဲ့သူ့အပေါင်းအပါတွေက သူရဲ့နောက်ဆုံးထွက်သက်အထိထောင်ထဲမှာနေရတော့မှာဖြစ်ပြီး မင်းခေါင်ကတော့ ၅ နှစ်ကျခံရသည်။ သူတို့ကိုလာတွေ့တဲ့ မင်းမဟော်ကို မင်းခေါင်က အကူအညီတောင်းထားတာရှိ၏။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းပေးဖို့ပါပဲ။ မင်းမဟော်ကို Treasure jewellery ပိုင်းမှာပဲ အရင်နေရာပြန်ပေးထားပြီး ဆက်လုပ်စေ၏။ အခုလဲ ထမင်းချိုင့်လာပို့ပေးတာကို အစ်ကိုစက်မုန်ပေါ်ထိုင်ကာ တပြွတ်ပြွတ်နဲ့နမ်းလိုက်ခွာလိုက်လုပ်နေသည်။ မိုင်းဇက်ကတော့ ချိုင့်ကိုကိုင်ထားရင်း တောင့်တောင့်လေးဖြစ်နေ၏။ သူကဒီနေ့မှ ရှိုင်းနဲ့လိုက်လာတာမလား။ သူလိုက်လာတဲ့အချိန်မှာပဲ လုပ်ချင်ရာလုပ်နေသူနဲ့ကွက်တိတိုးတော့သည်။ မကြားပေမယ့် သူအော်ပြောလိုက်၏။

"ဟေ့ရောင် မင်းဟာလွန်လွန်းနေပြီ တော်သင့်ပြီ"

"မတော်ဘူးကွာ ဘာဖြစ်လဲ၊ မကျေနပ် မင်းယောက်ျားကိုနမ်းပေါ့"

"အေးပါ တွေ့မယ်၊ ဟင်! အထန်ကောင် ငါပြောတာ ကြားရတာလား"

ဟင်!

အဲ့တော့မှ ခက်ထန်ရောစက်မုန်ပါ အနမ်းတွေကိုရပ်လိုက်ပြီး မယုံနိုင်သလို တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြသည်။

"တိုင်း"

"အင်း အငယ် ကြားရတာလား"

"အား!! တိုင်းအသံကိုကြားရပြီ အား!! လွမ်းနေတာ လွမ်းနေတာ"

ခက်ထန်ပျို (Complete) Uni & ZawgyiTempat cerita menjadi hidup. Temukan sekarang