Unicode
မိုင်းဇက်တို့အိမ်ကို ရှိုင်းတို့မိဘတွေနဲ့ ခက်ထန်တို့လဝန်းတို့ပါအတူရောက်နေတာဖြစ်၏။ ကဗျာကတော့ မိုင်းဇက်ဘေးထိုင်ရင်း မယုံနိုင်စွာဖြစ်နေတုန်း။ ဦးနဲ့အန်တီသူမတို့အိမ်ကိုဖုန်းဆက်လာထဲကသူတို့အားလုံး ကြောင်စီစီဖြစ်နေတာ။ မိုင်းဇက်ကိုကောင်လေးတစ်ယောက်ကလက်ထပ်ဖို့လာလိမ့်မယ်ဆိုတာကြောင့်ရော နှစ်ဖက်မိဘညှိနှိုင်းဖို့လာခဲ့ဆိုတာကြောင့်ရောပေါ့။ အကြောင်းအရင်းကိုမေးတော့လဲ ဘာမှမပြောပဲတစ်ဖက်ကမိဘတွေကခဏနေလာမှာဟုဆိုလာ၏။ သူမတို့အိမ်ကနေ ချက်ချင်းထွက်လာရတာဖြစ်သည်။ အခုတော့ မိုင်းဇက်ကအ'နေသူတစ်ယောက်လို ငြိမ်ကုတ်ထိုင်နေ၏။ သူတို့ထပ်မထင်ထားတာက မိုင်းဇက်တို့အိမ်လာညှိနှိုင်းတဲ့သူက ရှိုင်းဆိုတဲ့ကောင်လေးနဲ့သူ့မိဘတွေကြောင့်ပင်။ ဒီကောင်လေးကသူငယ်ချင်းဖြစ်သူ လဝန်းဆိုတဲ့ကောင်မလေးနဲ့ ကြိုက်နေတာမဟုတ်ဘူးလား။ သူ့အတွေးထဲနစ်မျောနေတုန်း မိုင်းဇက်ကထကာ
"ရှိုင်း ငါတို့တစ်ခုခုအရင်ပြောရအောင် အပြင်မှာ"
"အိုကေ"
မိုင်းဇက်က အပြင်ကိုရှိုင်းကိုခေါ်ထုတ်လိုက်၏။
"မင်း ငါ့အပေါ်ခံစားချက်ရှိလို့လား"
"မရှိဘူး"
"ဒါဆို ဘာဖြစ်လို့ ဒီလမ်းရွေးရတာလဲ၊ အခုဒီကိစ္စကိုဖြတ်သိမ်းလိုက်မယ်"
"ဟ လုပ်ပြီးပြီလေ ပြောတာနားမလည်ဘူးလား လုပ်ပြီးမှတော့ ကိုယ့်လုပ်ရပ်ကိုတာဝန်ယူရမှာပေါ့"
"ယောက်ျားလေးအချင်းချင်းပဲ ဘာမှမဖြစ်ဘူး"
"ခံစားချက်က ဘာအရေးကြီးနေလို့လဲ၊ မချစ်ပဲယူထားတဲ့သူတွေ တစ်ပုံကြီးရှိတယ်၊ စကားတွေမများနဲ့ ငါကဒါဆိုဒါလိုက် လာသွားမယ် အချိန်တွေကုန်တယ်"
ရှိုင်းကသူ့ကိုအရမ်းနိုင်စားသည်။ သူ့အနေနဲ့က သူရှိုင်းကိုချစ်သလို ရှိုင်းကသူ့ပြန်ချစ်ရင်တော့ အဆင်ပြေတာပေါ့။ ကျောင်းမှာ လဝန်းကိုကြိုက်တယ်ထင်ပြီး ဖွင့်ပြောပြီးမှ သူ့စိတ်ကရှိုင်းဘက်ယိုင်နေတာကို သူသိလိုက်ရတာမလား။ သိသိချင်းသူတော်တော်လန့်သွားတာဖြစ်ပြီး လဝန်းကိုပဲကြိုက်တယ်ဆိုတဲ့စကားကို ကိုယ့်ကိုကိုယ်အမြဲပြန်ပြန်ပြောနေတာ။ အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့စိတ်ကဘယ်လိုဖြစ်နေတယ်လဲပြောပြဖြစ်သေးတယ်။ ရန်ဖြစ်ပြီးဒေါသထွက်ကာလက်လွန်သွားတော့မှ သူ့ခံစားချက်ကပိုသေချာသွားတာဖြစ်သည်။ ရှိုင်းနံရိုးအက်သွားတယ်ဆိုတာကြားလိုက်ပြီး သူငိုရသေးတာ။
ВЫ ЧИТАЕТЕ
ခက်ထန်ပျို (Complete) Uni & Zawgyi
ФэнтезиTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
