Part 2

35.1K 1.6K 23
                                        

Unicode

"မင်းလူရိုက်လိုက်ပြန်ပြီဆို"

"ကျွန်တော့်ဆိုင်ထဲမှာ ရန်ဖြစ်နေတာကို"

"ပါးစပ်နဲ့ရှင်းစမ်း ခက်ထန်၊ တဆိတ်မရှိလက်ပါဖို့ပဲ"

"လေးလေးအလုပ်မသွားဘူးလား"

"သင်လိုက်ရင် ဒီလိုပဲ နှင်ထုတ်ရင်ထုတ်မထုတ်ရင် ပတ်ပြေးနေတော့တာပဲ"

မိတဆိုးဖတဆိုးလေးဖြစ်တဲ့ တူတော်မောင်ကိုသနားလို့အလိုလိုက်ခဲ့တာမှားပြီလားတောင်တွေးရသည်အထိ။ သူ့ကိုသင်မှာသိနေပြီး ကိုယ့်ကိုနှင်ထုတ်ရင်ထုတ်မထုတ်ရင် တူတော်မောင်က အခန်းထဲဝင်သွားသည်။ ဒါသူလုပ်နေကြအလုပ်။ သိတတ်တဲ့အရွယ်ထဲကကိုယ့်လက်ပေါ်မှာကြီးလာတဲ့တူတောင်မောင်က သူ့အတွက်သားလိုပင်။ ငယ်ငယ်ထဲကဂျီကျတာမရှိ သူ့စိတ်ကစေစားပြီဆိုရင်မဖြစ်ဖြစ်အောင်လုပ်တတ်ပြီး ငယ်ငယ်ထဲက မကျေနပ်တဲ့သူကိုရိုက်လို့ရိုက် သူ့မှာလိုက်ရှင်းရတာအခါခါ။ ဉာဏ်လေးလဲကောင်းရဲ့သားနဲ့ ၁၀တန်းအောင်ထဲကဘာတက်မလဲမေးတော့ ဘာမှမတက်ဘူးပြောလာတဲ့ တူတော်မောင်။ အခုအသက် ၂၀ ဖြစ်နေပြီ ဘာမှမတက်ပေမယ့် ဘာသာစကားအမျိုးမျိုးပြောနိုင်ပြီး သူ့ကျောက်တွေကိုတစ်ခါတစ်လေ ဈေးဖြတ်ပေးသေးတာ။ အချိန်တန်လုပ်ငန်းဦးစီးရမှာ ကျောင်းတက်ပြီးဘာလုပ်ရမှာလဲ ကိုယ့်လုပ်ငန်းကိုဦးစီးနိုင်ဖို့အဓိကမဟုတ်လားတဲ့။ ဒါလဲမှန်သင့်သလောက်မှန်၏ သို့ပေမယ့် အတန်းပညာဘွဲ့တစ်ခုခုရှိတော့ကောင်းတာပေါ့ဆိုတော့ လေးလေးဝန်ထမ်းတွေခန့်ရင်ကျွန်တော်လာအင်တာဗျူးပေးမယ် ကြည့်ကြည့်မလားတဲ့။ လေးလေးတို့ပြောနေတဲ့ ဘွဲ့ကသုံးစားမှမရတာ။ ဒါဆို MBA တက်လို့မရဘူး ဘွဲ့ရမှလုပ်ချင်တာလုပ်လို့ရတာပေါ့ဆိုတော့လဲ အဲ့ဒိ MBA ကို တစ်လအတွင်းလေ့လာနိုင်ရင်ဘာပေးမလဲ ဆိုပြီး လောင်းကြေးထပ်သေးတာ။ သင်တန်းကျောင်းကဆရာနဲ့ညှိပြီး သဘောတရားရှင်းပြပြီး တစ်လအတွင်းတကယ်ကိုလုပ်ပြသွားတာ ကိုယ့်မှာသူ့အတွက်ပြိုင်ကားနှစ်စီးပေးလိုက်ရတာပါပဲ။ ဦးခက်မုန်း ကတူတော်မောင် ခက်ထန်ပျိုတော်တာလဲသိတယ် ဘာလုပ်လုပ်အဆင်ပြေတယ်ဆိုတာလဲသိပေမယ့် ရန်ဖြစ်တာတော့သိပ်မကြိုက်။ ရန်ဖြစ်တယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ် ကိုယ်ကျွေးထားတဲ့သူတွေကအုံလိုက်ကျင်းလိုက်နဲ့ကိုယ့်ပြန်ကျွေးလာမှာတစ်ခုပဲသူစိုးရိမ်နေတာ။ တူလေးတစ်ယောက်ရှိတာ သူအဆုံးအရှုံးမခံနိုင်။

ခက်ထန်ပျို (Complete) Uni & ZawgyiDonde viven las historias. Descúbrelo ahora