Unicode
နိုင်ငံရပ်ခြားရဲ့ အဆင့်မြင့်ဆေးရုံတစ်ခုမှာတော့ စက်မုန်နဲ့ခက်ထန်က ခွဲခန်းဝတ်စုံတွေဝတ်ထားပြီးအဆင်သင့်ဖြစ်နေတဲ့ အနေအထားပင်။ ခွဲခန်းတစ်ခုထဲမှာ ပြိုင်တူခွဲပြီး သန္ဓေသားတည်ပြီးသား သားအိမ်ကိုထည်တော့မှာဖြစ်၏။ လေးလေးကတော့အပြင်မှာရှိနေကာ ဖင်မထိုင်နိုင်။ ဒီကလေး နှစ်ယောက်ရူးသွပ်မှုကိုလိုက်ဖြည့်ဆည်းပေးနေရ၏။ ကျွန်တော်တို့ကလေးယူမလို့ လို့ပြောလာတုန်းကဝမ်းသာသွားပေမယ့် နောက်ဆက်တွဲစကားကြောင့် သူသဘောတူဖို့ခက်ခဲခဲ့တယ်မလား။ သူတို့ကိုယ်တိုင် ကိုယ်ဝန်ဆောင်မှာဆိုတဲ့အပေါ်မှာ ဘယ်လိုတားတား တားလို့မရ။ နှစ်ယောက်စလုံးခေါင်းမာချက်ကဘယ်လိုမှ ဖြောင်းဖျလို့မရ။ အခုတော့ အလုပ်တွေကို မောင်သန့်စင်နဲ့လွှဲကာ သူကိုယ်တိုင်လာရတော့၏။
ခွဲခန်းထဲကလူနှစ်ယောက်ကတော့ မေ့ဆေးတွေမထိရာက်ခင်အထိ ဟိုဘက်ကုတင်နဲ့ဒီဘက်ကုတင်ကိုလှမ်းကာ လက်ချင်းတွဲထားတုန်း။ မေ့ဆေးတွေအလုပ်လုပ်,လုပ်လာချိန်မှာတော့ သူတို့ရဲ့လက်တွေကလွတ်ထွက်သွားတော့သည်။ ကျွမ်းကျင်ပညာရှင်တွေက အဲ့တော့မှ စခွဲကာ သန္ဓေတည်ပြီးသားသားအိမ်ကို ဆေးပုံးတွေထဲကထုတ်ယူကြပြီး အမျိုးသားတစ်ဦးရဲ့ခန္ဓာကိုယ်ထဲမှာ ပုံမှန်အလုပ်လုပ်ရအောင် အံဝင်ခွင်ကျဖြစ်အောင် ထည့်ပေးနေရ၏။ ခွဲစိတ်ချိန်က ၅ နာရီကျော်နေပြီဖြစ်ပြီး ပြီးဖို့ခန့်မှန်းထားတဲ့အချိန်ရောက်လာပြီဖြစ်သည်။ ဦးခက်မုန်းမှာ နာရီကြည့်လိုက် Operation အခန်းတံခါးဖွင့်လာမလား ကြည့်လိုက်နှင့်စိတ်တွေလှုပ်ရှားနေသည်။
တင်!
ခွဲစိတ်ခန်းတံခါးကအသံပေးကာ ထွက်လာသူက ဆရာဝန်ကြီးတွေဖြစ်၏။ ဦးခက်မုန်းထိုသို့ချက်ချင်းလျှောက်သွားကာ မေးမြန်းလိုက်တော့ ချုပ်ရိုးပြန်ချုပ်နေပြီး အားလုံးအဆင်ပြေတယ်ဟုပြောလာသည်။ ခဏကြာတော့ တွန်းလာတဲ့ကုတင်ပေါ်မှာ သားနဲ့မောင်စက်မုန်! လက်မှာလဲဆေးပိုက်တွေတန်းလန်းနှင့်။ အခန်းထဲကိုရောက်ပြီး ကုတင်ချိန်းပြီး လိုအပ်တာတွေထပ်လုပ်ပေးလာ၏။ Male nurse ငှားထားတာကာ အဆင်သင့်ရောက်နေပြီး လိုအပ်တာတွေလုပ်ပေးထားသည်။ သားတို့ကသေချာ၏။ ကလေးတွေမွေးပြီးမှ ဟိုဘက်ကိုပြန်လာမှာ။ တောက်လျှောက်တစ်နှစ်နီးပါးဒီမှာပဲနေရတော့မှာ။ မေ့ဆေးမပျယ်သေးတဲ့ သူနှစ်ယောက်ကို သေချာကြည့်မိသည်။ ရုပ်တွေပုံပန်းသဏ္ဍာန်တွေကွဲပြားနေပေမယ့် ဒီကလေးနှစ်ယောက်ကမသိရင်တစ်ယောက်ထဲလိုပင်။ တစ်ယောက်အပေါ်တစ်ယောက်အရူးအမူးဖြစ်ကြပုံကလဲတူသည်။ ခေါင်းမာတာလဲတူ၏။ သူတို့နှစ်ယောက်နေဖို့အိမ်ကိုလဲ နှစ်နှစ်စာချုပ်ချုပ်ပေးထားပြီး လိုအပ်တာတွေလုပ်ပေးထားပြီးသားဖြစ်၏။ သူတို့နဲ့အတူ နာ့စ်ကအမြဲရှိနေမှာဖြစ်ပြီး စက်မုန်မေမေကပါ လာနေပေးမှာဖြစ်သည်။
BẠN ĐANG ĐỌC
ခက်ထန်ပျို (Complete) Uni & Zawgyi
Viễn tưởngTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
