Unicode
"အငယ် ကိုယ့်ကိုပြော အငယ်ဘာတွေကြံစည်နေတာလဲ ပြော"
တိုင်းဦးစက်မုန် ရှိုင်းဆီကကြားလာတာဖြစ်၏။ အငယ်က သူကိုယ်တိုင်ရှေ့ထွက်မလို့လုပ်နေတယ်တဲ့။ ဒါကလဲ ဒီမှာရှင်းဖို့မဟုတ် ကျောက်တွင်းသွားမလို့တဲ့လေ။ သူကြားကြားချင်း ဘယ်လောက်စိုးရိမ်ရလဲ။ ဒေါသလဲထွက်ရသည်။ အခုလဲ ခက်ထန်အခန်းထဲမှာ နှစ်ယောက်သားတင်းမာနေ၏။
"ဘာမှမကြံစည်ဘူး တိုင်းကိုပြောမလို့ပဲ တိုင်းကအရင်သိသွားတာ"
"အော် ကိုယ်မသိရင် မပြောပဲထွက်သွားမှာမဟုတ်ဘူးလား"
"တိုင်းကကွာ သေးသေးလေးကို ပုံကြီးချဲ့နေတယ်"
"ဘာဖြစ်တယ် သေးသေးလေး ဟုတ်လား၊ အငယ်တစ်ခုခုဖြစ်သွားရင်ရော ပြောကိုယ့်ကိုပြော"
"ဘာမှမဖြစ်ပါဘူဆိုကွာ တိုင်းက ကျွန်တော့်ကိုမယုံဘူးလား"
"အငယ်!!"
"မသိဘူး မသိဘူး လာမတားနဲ့သွားဖို့လုပ်ပြီးပြီ"
"ခက်ထန်ပျို!!"
တိုင်းဦးစက်မုန် တကယ်ကိုစိတ်ဆိုးနေရ၏။ ကျောက်တွင်းကိုတစ်ယောက်ထဲဝင်ဖို့လုပ်နေတဲ့အငယ်ကတစ်ဖက်ကိုလဲ သတင်းလွှင့်ပြီးနေပြီတဲ့လေ။ ဒါကဘယ်လမ်းကိုလှမ်းနေတာလဲ။ သူအော်လိုက်တော့ ရုပ်ကစူပုတ်သွားပြီး တစ်ဖက်လှည့်သွားသည်။ အငယ်ကသူတစ်ခုခုလုပ်ချင်ပြီဆိုတားလို့မရ။ အခုလဲ ရှိုင်းတို့ကတားမှာပင် တားလို့မရတဲ့အဆုံးမှ ကိုယ့်ကိုဖွင့်ပြောလာတာဖြစ်လောက်၏။
တောက်!
ဒုန်း!!
စက်မုန်က တောက်ခေါက်ကာ အပြင်ထွက်သွားပြီး တံခါးကိုအသံအကျယ်ပြီးပိတ်ချသွား၏။ ခက်ထန်ပျိုတို့က ဒေါသတွေထိန်းချုပ်ထားတာကိုလာလာဆွနေပြီ။ တစ်ဖက်က သူအဲ့ကိုသွားမှန်းသိရင် တစ်ခုခုကြံစည်မှာပဲ။ ဒါကိုသူက ကလေးကစားစရာမှတ်နေလား။ တစ်ဖက်ကလူကကိုယ့်မိဘတွေကို ဘယ်လိုလုပ်ခဲ့လဲ မသိပဲနဲ့။ စက်မုန်ဒီတစ်ခါတကယ်ကိုပေါက်ကွဲထွက်နေတာဖြစ်သည်။ လူတစ်ယောက်အသက်ကိုဘာမှတ်နေလဲ။ သူကရော ဘယ်လိုစိတ်နဲ့လွှတ်ရမှာလဲ။ ခဏပဲစောင့်ပါထပ်ပြီးစုံစမ်းနေပါတယ်ဆိုတာကိုမရ။ ပါဝင်တဲ့သူတွေကိုမဖမ်းမိသည်တိုင်အောင် သူတို့မှာတစ်ခြားနည်းလမ်းတွေရှိပါလျှက်နဲ့ သူကိုယ်တိုင် သေတွင်းဝင်မလို့ဖြစ်နေပြီလေ။
YOU ARE READING
ခက်ထန်ပျို (Complete) Uni & Zawgyi
FantasyTine Oo Satt Mone & Khat Htan Pyo 8th creation Start Date : 13.5.2022 End Date: 20.6.2022 Photo credit : Pinterest original artist
