Final Extra

19.1K 895 20
                                    

Unicode

သားတို့ကိုမူကြိုထားမယ်ဆိုတော့လဲ နေပါအုန်းငယ်သေးတယ်ဟုဆိုကာလျစ်လျှူရှုထားဆဲ။ သားနှစ်ယောက်ကလဲ ကဲသလားမမေးနဲ့ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ အငြိမ်ကိုမနေ။ မူကြိုမထားချင်လဲ ၃နှစ်ကျော်နေပြီဖြစ်တာကြောင့် အိမ်မှာဆရာခေါ်သင်ရ၏။ ဆရာခေါ်သင်ဖို့အင်တာဗျူးတော့လဲ အမောင်ခက်ထန်ပျိုကြောင့် ပြန်လန့်မပြေးတာကံကောင်း။ ကလေးတွေကိုစာဘယ်လိုသင်လဲစောင့်ကြည့်လိုက်၊ သားတို့ကဒီဆရာနဲ့ပျော်လား စောင့်ကြည့်လိုက်နှင့်။ သားတို့ကိုချစ်လို့ဆိုပြီး ပါးတွေဘာတွေသွားမဖျစ်နဲ့ချက်ချင်းအလုပ်ပြုတ်ပြီပဲ။ အင်္ဂလိပ်စာကောင်းလား အင်္ဂလိပ်လိုစစ်လိုက်နှင့် နောက်ဆုံးအရမ်းသည်းခံနိုင်တဲ့ဆရာပေါက်စနဲ့မှအဆင်ပြေသွားတာဖြစ်သည်။ ဒါတောင်စာစသင်မယ်လုပ်တော့ သွေးသွားစစ်ပေးသေးတာ။ သားနှစ်ယောက်ကလဲ သင်ပြပေးတာကိုသေချာလိုက်မှတ်သည်။ ညဘက်ကျလဲ သူ့ဖေဖေနဲ့ဒယ်ဒီကိုပြန်သင်ပေးရတာအမော။ ကဗျာတွေဆိုကာ ပြန်သင်ပေးလိုက် အင်္ဂလိပ်စာပြန်သင်ပေးရလိုက်နှင့်။

"တိုင်း!! ဘာဖြစ်နေတာလဲ သားတို့နဲ့"

"သားတို့အိပ်နေပါပြီကွာ ကိုယ့်ကလေးလေးကိုလွမ်းနေတာ"

"တိုင်း!! Baby ပြောနေတယ်လေ"

"ကိုယ့်ကလေးလေး"

စောင်ကိုခေါင်းမြီးဆွဲခြုံကာ အဝတ်တွေချွတ်ပစ်နေတာဖြစ်သည်။ အဝတ်တွေအကုန်အပြင်ရောက်သွားချိန်မှာတော့ ဘယ်လိုမှလဲရုန်းလို့မရတော့။

"ခင်‌များ လူဆိုး"

"အင်း ကိုယ်ကလူဆိုး"

"အာ့! Baby ဖြည်းဖြည်းလုပ်လေ"

"ဒါ့ထက်အရှိန်လျော့လိုမရဘူး"

ကြိတ်ကြိတ်,ကြိတ်ကြိတ် တိုးတိုး,တိုးတိုးနဲ့ လေသံတွေနဲ့စကားပြောလိုက်လုပ်နေတာဖြစ်သည်။ ခြုံထားတဲ့စောင်ကြီးကမြင့်တတ်နေပြီး လှုပ်စိလှုပ်စိနှင့်။ အပြင်ကအသံကိုလဲမကြား။ ထန်တိုင်းပျိုနဲ့တိုင်းဝဠာပျိုနိုးလာကာ ငုတ်တုတ်လေးတွေထထိုင်လိုက်သည်။ ‌ဒယ်ဒီနဲ့ဖေဖေဘယ်ရောက်သွားတာလဲ အခန်းထဲကို အိပ်မှုံစုံမွှားမျက်လုံးလေးတွေနှင့် လှည့်ပတ်ရှာနေတာ မတွေ့။

ခက်ထန်ပျို (Complete) Uni & ZawgyiHikayelerin yaşadığı yer. Şimdi keşfedin