ညနေစောင်းအိမ်စောစောပြန်ရောက်နေ၍ ပတ္တမြားကြီးအရိုင်းတုံးတစ်လုံးကို သန့်စင်ဆေးကြောပြီး ကိုယ်တိုင်ပင်သွေးကာ တံစီးဖြင့်တိုက်နေမိ၏။ ပတ္တမြား၏အပေါ်မှ အညှိများကို ကော်ပတ်စားနေရင်းမှ သီချင်းလေးငြီးရင်း အလုပ်ရှုတ်နေစဥ် တပည့်ဖြစ်သူကိုကြည့်လိုက်မိသည်။
"ဟေ့ကောင် မောင်နိုင် မင်းကမုန့်လေးစားလိုက် စာရင်းလေးစစ်လိုက်နဲ့...ငါကသူဋ္ဌေးလား မင်းကသူဋ္ဌေးလား..."
"အကိုလေးရင်ငြိမ်းက အလုပ်လုပ်ရင်းစားဆိုပြီးပေးလိုက်လို့...""ငါ့အတွက်ရော..."
"ဒါကျွန်တော့်အတွက်..."
"အလုပ်ချိန်မုန့်စားရင် ဒီတစ်လလုံးလစာမရဘူးမှတ်...ရေသာခိုချင်နေတယ်ဟုတ်လား...
အိမ်ပေါ်ကနေ ကန်ချပစ်မယ်..."တစ်ယောက်ကစေတနာနဲ့ကျွေးတာကို နောက်တစ်ယောက်ကပိတ်ပင်၏။ ဒီသူဋ္ဌေးနဲ့ငယ်ငယ်တည်းက ကြီးပြင်းခဲ့သူမို့ ကြောက်ပါသည်။ မျက်ထောင့်နီနဲ့ လူကိုကြည့်နေပါသော သူဋ္ဌေးက တစ်ခုခုကိုအငြိုးထားနေပုံပင်။ မောင်နိုင် ဘာလုပ်မိလိုက်လို့ပါလိမ့်။
'အရှင်ဘုရား နောက်ဆိုအလုပ်ချိန်မုန့်မစားတော့ပါဘူးလို့ သစ္စာပြုပါတယ် သူဋ္ဌေးမင်းရဲ့ဒေါသတွေကိုလျော့ချပေးတော်မူပါ...'
"ဟေ့ကောင့်လက်အုပ်ချီပြီး ရူးနေတာလား..."
"ဆုတောင်းနေတာပါ သူဋ္ဌေးရယ်..."
"မကြိုးစားပဲ ဆုတောင်းမနေနဲ့...ဘယ်ဘုရားမှမကယ်ဘူး..."
'ဒေါက် ဒေါက်...'
"မင်းတို့သခင်လေးသာဆို ငါ့လာမရစ်ခင် မင်းကအရင်ခေါ်သွားကြားလား မောင်နိုင်..."
"သခင်လေးကသူဋ္ဌေးကို ဟိုတနေ့ကကိစ္စရစ်နေတုန်းလား..."
"ငါပြောတာမှားသလား သူသွားချင်တဲ့ တောင်ပေါ်ဒေသဆီကို မသွားနဲ့လို့မပြောဘူးလေကွာ... Daddyအားရင်လိုက်ပို့မယ်ပြောထားပြီးသားလေ ပြီးတော့ သူ့ကျန်းမာရေးစစ်ချက်က အင်္ဂလန်မှာယူထားတာ အရင်လုပ်ရမယ်မဟုတ်လား..."