နှစ်ယောက်အတူလုပ်ခွင့်ရသောအရာများမှာ ရိုင်၏ကျောင်းကိစ္စများလည်းပါ၏။ မနက်ဆိုလျှင် ရိုင့်ကိုကျောင်းပို့ပေးဖြစ်သည်။ Daddyလေး ကျောင်းလိုက်ပို့ပါလို့ပြောတတ်သော ရိုင်လေးကိုလည်း သနားမိသည်။
ဦးကိုလည်း အကူအညီပေးရာရောက်တယ်ဟုတွေးပြီး ရိုင်လေးကိုနှစ်ယောက်အတူကျောင်းပို့ပေးကြမြဲပေ။ဟော်တည်ထဲအဝတ်အစားလဲပြီးတာနဲ့
အစည်းအဝေးရှိသော ဦးက ထွက်သွားခဲ့လေသည်။ ရင်လေး တစ်ယောက်တည်းသာ
ရိုင်လေး၏ ကျောင်းသို့ပြေးရတော့သည်။သူငယ်ချင်း၏မိဘများနှင့်တွေ့လျှင်လည်း ရိုင့်Daddyလေးဟုသာ ပြောခွင့်ရှိလေသူမို့ ဆရာမများကလည်း ကိုယ်ဘယ်သူမှန်းသိနေကြ၏။
ယောကျာ်းတစ်ယောက်နှင့်အတူရှိရ၍
ရှက်သည်မဟုတ်။ လူအများရှေ့ ကိုယ်ဟာဘယ်သူပါလို့ပြောလိုက်ရ၍လည်း စိုးရွံမိခြင်းမရှိခဲ့ေသာ် အနည်းငယ်ကြောက်လန့်မိခြင်းများတော့ရှိ၏။
ဘယ်အချိန်များ သူ၏ဘေးနားက ပျောက်ကွယ်ရမလဲဆိုသည့်အကြောင်းကိုလည်း စဥ်းစားမိလိုက်တိုင်း နာကျင်ရပြန်သည်။သူဆိုသူက ကိုယ်မပိုင်သော နာမ်ရုပ်တစ်ခုမို့ စိတ်ဝိဉာဥ်ဟာတောင်ရောက်၊ မြောက်ရောက်။ တစွတ်ထိုး၊ တရူသန်ပြီး အချစ်တွေတင်မက သူလိုသမျှ အရာရာပေးဆပ်ကြည့်ချင်သေး၏။ တစ်နေ့နေ့မှာတော့ အချစ်တွေတန်ပြန်သက်ရောက်မှုမယ်ထင်သည်။
ကျောင်းဝန်းထဲဝင်ပြီးမကြာလိုက် ရပ်စောင့်နေသော ဆရာမတစ်ဦးကိုတွေ့လိုက်ရသည်။ အတွေးတွေကိုအဆုံးသတ်ကာ ကလေးငယ်ရဲ့မိဘတစ်ဦးအဖြစ် ရပ်တည်ပေးရဦးမှာပင်။
"ဆရာမ ရိုင့် Daddyလေးပါ..."
"ရောက်လာပြီလားရှင့် ခဏလေးစောင့်ပါနော်...
အတန်းပိုင်ဆရာမလာပါလိမ့်မယ်...""ဟုတ်ကဲ့..."
အခန်းဝမှနေ၍ ရိုင်လေးအားလှမ်းကြည့်မိရာ
လက်ကလေးထောင်ပြလို့ အနားသို့အပြေးလာလေ၏။ ပွေ့ဖက်ထားလိုက်မိတော့လည်း မျက်နှာငယ်လေးနဲ့ မော့ကြည့်နေသေးသည်။"ရိုင်...Daddyလေးကိုပြောပြ
ဘာလို့သူများကို ခေါင်းရိုက်ခွဲလိုက်တာလဲ..."