ပွဲခင်းထဲပြန်မသွားမီ မြင်လိုက်ရသော အဝေးတစ်နေရာမှ ကားအနက်လေးတစ်စီး။ ပွဲခင်း၏လျှောက်လှမ်းနှင့်မနီးမဝေးတွင်ရပ်ထား၏။
ကားထဲမှလူ၏အရှိန်အဝါကြောင့်ပဲလားလည်းမသိ သူဘယ်သူလဲတပ်အပ်သိနိုင်သည်။ရွှေရင်ငြိမ်းတဖြစ်လည်း တစ်ချိန်က ခြူးညီညီစစ်စစ်။ မရဏဖွားနဲ့ပတ်သတ်ခဲ့ဖူးသူပင်။
အရင်တစ်ချိန်က သူတို့နှစ်ယောက်တည်းရှိနေစဥ်အခါတည်းကပင် အဝေးသို့ရောက်အောင် ပစ်ထုတ်နိုင်ခဲ့သလို အခုအချိန်လည်း ပျောက်ကွယ်သွားအောင် ဘာကြောင့်မလုပ်နိုင်ရမလဲ။
'ဟိုတုန်းကတည်းက သားနဲ့လင်ကိုဆုံးရှုံးခဲ့ရရုံတင်မကျေနပ်သေးလို့ ထပ်မံပတ်သတ်ချင်နေတာလား ကိုငြိမ်း...'
ငါတို့ မဂ်လာပွဲမှာထွက်ပြေးခဲ့လို့ ငါ့မိဘတွေသေခဲ့ရသလို နင့်မိသားစုလဲပြိုလဲအောင် ငါဖြိုလှဲဦးမှာ။ နင့်သား၊နင့်လင် ငါအကုန်အပိုင်သိမ်းပစ်မှာမို့ နင်ကတော့ငိုနေပေါ့ဟာ။
ကားထဲကငေးနေတဲ့ရွှေရင်ငြိမ်းကိုလစ်လျူရှူပြီး ပွဲထဲသို့သွားကာ ဂုဏ်ဖော်ရဦးမျာပင်။ တစ်ချိန်ကခြူးညီညီလိုပြင်ဆင်ပြီးခဲ့ပြီမို့ လူယူဖို့ရာအသင့်ပင်။ နာမည်၊ ရုပ်ရည်၊ မှတ်ဉာဏ်အားလုံးကို လုယူခဲ့ပြီးပြီမို့ မရဏဖွားကိုလုဖို့သာကျန်တော့၏။
........
ဗိုက်ကလေးကိုင်ကာ ကလေးလေးနဲ့စကားပြောပြီး
ဝမ်းနည်းခြင်းများကို ရင်ဖွင့်နေမိ၏။ ကိုယ်တိုင်ရဲ့ ပိုင်ဆိုင်မှုဟူ၍ ငွေတစ်ကျပ်ပင်မရှိခဲ့ပါ။
ဘာဆက်လုပ်ရမှာလဲ မသိတော့ပေ။
ပိုင်ဆိုင်မှုလဲဗလာနတ္ထိ။မင်းအပိုင်ပါဟုပြောခဲ့သော သူကိုလည်း ငါ့ဥစ္စာပါလို့ကျွေးကြော်၍ မရတော့သော ဘဝ။
ပိုင်ဆိုင်သမျှက ချူတပြားမရှိရုံတင်မက ဗိုက်ထဲမှအသွေးအသားလေးကပင် ကိုယ်နဲ့တစ်ဝက်သာဆိုင်သော သက်ရှိလေးဖြစ်နေ၏။
ဘယ်လိုသတ္တိနဲ့ ခင်ဗျားရဲ့လက်ကိုဆွဲကိုင်ရမလဲ ဦးမရဏဖွားရယ်။
သူ့ယောကျာ်းလို့တစ်လောကလုံးကို ပြောခိုင်းသူက
ကိုယ့်အတွက်စိန်ရွှေရတနာတွေနဲ့ ချွေးသိပ်တတ်ရုံသာ။ လက်ကလေးတစ်ဖက်ကိုဆွဲလို့ လှမ်းလျှောက်ဖို့ရာ မရဲဝံ့ဘူးထင်၏။
ကိုယ့်ဘဝမှာလည်း မဏ္ဍပ်တိုင်ဘယ်လိုတပ်ပြရမလဲ။