အိပ်ရာထဲဝင်ကာ စောင်အတွင်းလုံးထွေးရင်း
သူ၏ရင်ခွင်ထဲရောက်နေ၏။ ဖက်တွယ်ထားလေသောသူက တရှုံ့ရှုံ့ဖြင့်နမ်းရှိုက်နေတာမို့
ရာသီဥတုသာယာနေလေသည်။"မေမေ့အိမ်ခဏသွားချင်တယ်..."
"မသွားရဘူး..."
"ခဏလေးပဲလေ မေမေ့ကိုလွမ်းလို့ပါ..."
"လွမ်းလဲမသွားနဲ့ Video callခေါ်ပေးမယ်..."
"မေမေ့ကို ခဏလောက်ဖက်ထားချင်တယ်
ပြီးတော့ မေမေ့အနားနေချင်သေးတယ် ခဏလေးပါပဲနော်...""မသွားရဘူး..."
"ဒါဆိုမေမေ့ကို ခင်ဗျားအိမ်ခေါ်ပေး..."
"..."
"မဟုတ်ရင် ငိုလိုက်ေတာ့မှာနော်... "
"..."
မျက်ခုံးပင့်ထားသောအကြည့်စူးစူးတွေကြား မှ မျက်ဝန်းများလွှဲသွားလေသော သူ၏ဘမျက်တောင်ဖျားအောက်ဖျားလေး လှုပ်ခတ်သွား၏။ ရန်ဆောင်နေတတ်သော မီးတောက်သဏ္ဍန်မျက်ဝန်းများမှာလည်း ပြုံးသွားခဲ့သည်။။
လှုပ်ခပ်သွားသောမျက်တောင်တွေဆီမှ ပြောသံတိုးတိုးလေးကြားသည် သဘောတူတယ်ဟူ၍။"ဦး..."
"အင်း သဘော..."
"အဟိ...."
ခုန်ပေါက်ကာထအော်နေမိရင်းမှ မြင်လိုက်ရသောသူ၏နှုတ်ခမ်းပါးဆီမှ ခပ်မဲ့မဲ့အပြုံးတစ်ချက်ဟာ
ကိုယ့်ကြောင့်ဖြစ်တည်ခဲ့တာဆိုပါလျှင် သူ၏အရာအားလုံးကိုလည်း ပိုင်ဆိုင်လိုပါ၏။'အတိတ်တွေကိုပြည်ဖုံးကားချလို့ ဘဝတစ်ခုလုံးမက အနာဂတ်တစ်ခုလုံး ကြမ်းတဲ့လမ်းတွေလဲလျှောက်ရင်း၊ အခက်အခဲတွေလည်းရင်ဆိုင်ရင်း ခင်ဗျားနဲ့ရှေ့ဆက်မယ်... အချစ်တွေနဲ့မနက်တိုင်းကို လှပသေသပ်စွာရယ် ဆိုင်းဘုတ်ကလေးရေးဆွဲချင်ပါရဲ့၊
သူနဲ့အတူ အိုအောင်၊မင်းအောင် ' ဆိုပြီးတော့ပေါ့။.......
နောက်ဆုံးပေါ်ကားလေးတစ်စီး ထိုးရပ်လိုက်သောနေရာမှာ လူအများပြားပန်းခတ် ဝင်ထွက်နေကြသော 'The ART MARAT' အမည်ရ ကုမ္ပဏီကြီးတစ်ခုရှေ့၌ပင်။
"အကိုလေး သခင်လေးရဲ့ကျောင်းက ၁နာရီမှာတွေ့ရမှာပါ..."
"ကျွန်တော်သိပါပြီ...
ဒီနေရာမှာပဲလာစောင့်နေလိုက်နော်..."