ဆေးရုံဝန်းကြီးထဲကားဝင်လိုက်သည်နှင့် အပူတချို့အေးချမ်းသွားရတော့သည်။ သားအတွက်ပူ၊ မယားအတွက်ပူ၊ ငွေကြေးတွေကြောင့်ပူနှင့် လူလည်းသွက်ချာပါဒပင်လိုက်ကာ အိုစာလာတော့မှာအမှန်ပင်။
ရိုင်လေး၏ အခြေအနေမှာစိုးရိမ်စရာမရှိတော့သလို သူ၏အဖွားဖြစ်သူနှင့် ရွှေရင်အေးဆိုသော ဒေါက်တာမလေးလည်းရှိလေ၏။ သားကို စိတ်ချစွာထားခဲ့နိုင်ပြီး မွေးကင်းစသားလေးနှင့် မယားဖြစ်သူကိုတွေ့ရဖို့ရာ ရင်မောနေတော့သည်။
"ဒါရိုက်ဘာအသစ်ပဲ မင်းနာမည်ကသူရိယဆိုတာလား...ခြူးက မင်းကိုခန့်ထားကြောင်း ကိုယ့်ကိုပြောပြပါတယ်..."
"ဟုတ်ကဲ့ခင်ဗျ...အလုပ်ဝင်တာ
ရက်ပိုင်းပဲရှိပါသေးတယ်...""မင်းတို့ငါ့ရဲ့ကလေးကို မြင်ဖူးကြလား...မင်းကိုယ်တိုင် ခြူးကိုကားမောင်းလိုက်ပို့တာဆို..."
"သူဋ္ဌေးကတော်ဗိုက်နာနေတာနဲ့ဆေးရုံကိုအမြန်ပြေးကြရပါတယ်...ဆေးရုံရောက်တော့သူဋ္ဌေးကတော်က သခင်လေးကိုကောင်းကောင်းမွန်မွန်မွေးနိုင်ခဲ့ပါတယ်..."
"ကလေးက ငါနဲ့တူလား...
မင်းတို့ရဲ့သူဋ္ဌေးကတော်နဲ့တူလား...""သူဋ္ဌေးမင်းနဲ့ တူပါတယ်..."
ခြူးညီညီ၏ ကလေးမှာ အသေလေးမွေးခဲ့ခြင်းသောကိစ္စအား သူသိထားသလို၊ သူ၏မိသားစုအတွက်လည်း ထိုအမျိုးသမီးဆီမှ ငွေကြေးယူထားမိ၍ လိမ်ညာခဲ့ရလေပြီ။
လောကတွင်အဓမ္မသည် ဓမ္မကိုနိုင်နေလေ၏။ စစ်မှန်သောဖြူစင်မှု၊ ကောင်းမွန်သောစိတ်ထားနှင့်
ကိုယ်ကျင့်တရားအား ရိုးရိုးကျင့်ကြံပါလျှင် အဓမ္မဖြစ်လျှင်ပင် အောင်မြင်နိုင်ပါလိမ့်မည်။ အဓမ္မအကြမ်းမှုတို့ကို တနေ့တော့ အောင်မြင်ခြင်းခရီးကိုရောက်၍ အရာရာကျော်လွှားနိုင်မည်သာ။ဆေးရုံ၏အမြင့်ဆုံးVIPခန်းသို့ရောက်ဖို့ရန်အတွက်လည်း ဓာတ်လှေကားဆီလျှောက်နေသော မရဏဖွား၏အနောက်ဘက်တွင် ကလေးလေးတစ်ယောက်ကို လက်ကလေးဆွဲရင်းပြေးနေသော အရိပ်လေးတစ်ခုလည်းရှိလေ၏။