အတွင်းရေးမှုးလာပြောသောစကားကြောင့် အပြင်ဘက်ကာစီနိုရုံထဲသို့ လှမ်းကြည့်လိုက်မိ၏။ ဖဲချပ်များကိုပွတ်သပ်ကာ ပြုံးရယ်နေသူ ဦးရွှေမဟာ။
"ဟယ်လို ဖွား..."
"..."
"မင်းယောကျာ်းရဲ့အဖေဆိုတော့ မင်းယောက္ခမပေါ့ကွာ...သူအခု ငါ့ကာစီနိုမှာဆော့နေတယ်...အနိုင်ပေးလိုက်ရမလား..."
"လောင်းကစားဆိုတာ
ကိုယ့်ကံကြမ္မာနဲ့ကွယ်ပဲ အမြဲတမ်းအနိုင်ပေးရအောင်လဲ သူငယ်နှပ်စားတူတူရေဝါးအရွယ်မှ မဟုတ်တာ...""မင်းရဲ့အထိမခံနိုင်တဲ့ဟာလေးရဲ့ အဖေက
တကယ့်ကို လူ့အမှိုက်ပဲကွာ...""ငါသူနဲ့လက်ထပ်ပွဲမလုပ်ရသေးသလို...ငါ့ရဲ့အထိမခံနိုင်တဲ့ဟာလေးလဲမဟုတ်ဘူး သုတ..."
"မင်းက ရွှေရင်ငြိမ်းကိုအရမ်းချစ်တယ်လို့ ငါက ထင်နေတာ..."
"ဘာလို့ အဲ့လိုထင်ရတာလဲ..."
ပေါ့ပျက်ပျက်နဲ့ခနဲ့တဲ့တဲ့အသံက ဘာကိုမှအလေးမထားသောသူတစ်ယောက်ပမာ။ မရဏဖွားက ရင်ငြိမ်းကို ချစ်နေတာမဟုတ်ဘူးလား။
"ထားပါတော့ လုပ်ငန်းကြီးတွေလုပ်နေတာ
အားနည်းချက်အဖြစ်မခံနဲ့နော် ဖွား...""ငါ့ရဲ့အားနည်းချက်ဆိုလို့ ငါ့သားတစ်ယောက်ပဲရှိတယ်..."
"ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေး ဖုန်းချလိုက်တော့မယ်နော်..."
ဘာတစ်ခွန်းမှပြန်မပြော။ ပြန်မဖြေလေပဲ တိခနဲကျသွားလေသော ဖုန်းသံကြောင့် ကြိတ်လှောင်ကာ ရယ်ပစ်လိုက်မိပါသည်။
'မင်းဘက်က သူ့ကိုမချစ်ပါဘူးလို့တော့ ဝန်မခံခဲ့ဘူးပဲ မရဏဖွား...'
အချစ်ဟာစမ်းသပ်ချက်တွေမပါခဲ့လျှင် ပြည့်စုံနိုင်ဖွယ်ရာမရှိ။ ဖြောင့်ဖြူးနေသောလမ်းအထက်ဝယ် ဆူးညှောင့်၊ခလုတ်တို့လည်းရှိလတ္တံ့။
ဒီလိုပါပဲ ဘဝဇာတ်ခုံမှာလည်း ကံကြမ္မာအလှည့်အပြောင်းဟူသည်က လူတို့ဖန်ဆင်းသောပြရုပ်တစ်ခုသာ။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီး ဖျက်ဆီးနိုင်သကဲ့သို့
ကိုယ့်ကိုကိုယ်သာ အားထားရာအဖြစ်နဲ့လည်း ရပ်တည်နိုင်ပါသည်။