"အခန်းထဲမှာပဲကိုယ့်ကိုစောင့်နေ..."
"ဖေဖေတို့ရောက်နေတယ်လေ..."
"ငါပြောတာသာလုပ်စမ်းပါ..."
တောင်းဆိုသလိုကြည့်လာပြီးနောက်မှ မရမှန်းလိုက်၍ ရေငုံနှုတ်ပိတ်သွားခဲ့လေသည်။ နည်းနည်းလောက်ထွန့်တက်လိုက်ရမှ ကျေနပ်တဲ့ဟာလေး။
ဟိုကသူ့ကို သားတစ်ယောက် မိသားစုဝင်တစ်ယောက်လို့တွေးမှတ်တာကျလို့။"ခင်ဗျားပြောတာ နားထောင်ပါ့မယ်..."
"သွားတော့ လာခဲ့မယ်မကြာဘူး..."
ပါးပြင်ထက်သို့ရွှတ်ခနဲအနမ်းပေးတော့ ပါးလေးများရဲသွားလောက်အောင် အရှက်သည်းသွားပြန်၏။ ချွေးစို့နေသော သူ၏ကိုယ်သင်းနံ့လေးများကလည်း
လူကိုရူးသွားမတတ် ပြုစားနေပြန်သည်။ စိုစွတ်နေသော ဆံနွယ်ဖြောင့်ဖြောင့်စင်းစင်းလေးများနှင့် နှာတံချွန်ချွန်လေး။လှည့်ကာထွက်သွားသူကို အကြည့်မခွာနိုင်။ အရမ်းဖြစ်နေသူက ကိုယ်သာ။ သူ့အတွက်အချစ်မရှိသော်လည်း မုန်းတော့မမုန်းရက်ပေ။ မာနကြီးတယ်ထင်ရသော်လည်း သူ၏အမေအတွက် အရာရာပေးဆပ်ဖို့တွေးထားပြီး ပြုသမျှနုနေခဲ့၏။
'လူရမ်းကား'လို့အမြဲခေါ်တတ်သော်လည်း
သူ့အဖေနဲ့သာချိန်းခြောက်လိုက်လျှင်
ရမ်းကားသမျှ ငြိမ်ခံနေတတ်သည်။ ဘာကြောင့်များနူးညံ့ပြီး မာနတို့ကိုချိုးလိမ်ထားရပါသလဲ။
ဘာကြောင့်များ သူ့ရဲ့ဖခင်ပြုသမျှနုနေရသလဲ။'တကယ်ပဲ ကိုယ့်ဆီက အပိုင်ကြံချင်တာတွေရှိနေတာလား...'
"အင့်! မရဏဖွား..."
"အွန့်..."
ဖေဖေ ပြန်လာခေါ်ပြီဟုထင်ပါသည်။
ပျော်လည်းပျော်လွန်းနေပါပြီ။ ရင့်အတွက် ဖေဖေကိုယ်တိုင်ရောက်လာခြင်း ဖြစ်လိမ့်မည်။ ဒီလိုအိမ်ကြီးထဲ လူရမ်းကား၏ ရမ်းကားသမျှတွေကို ငြိမ်ခံနေစရာမလိုတော့ပါပဲ အိမ်ပြန်ရလေတော့မှာ။
ပြန်ရတော့မှာပါလားဟု တွေးရင်းနဲ့ ပျော်မိသော်လည်း ရင်ထဲတစ်ခုခုနှင့် အဆွဲခံရသလို စိတ်တို့က လေးလံနေသေးသည်။ရွှေရင်အေး၏ မဂ်လာပွဲကြောင့်ဟုထင်မိပါသည်။
မရဏဖွားက ဤသို့ပြုမူဆက်ဆံနေသလို တခြားမိန်းကလေး၊ယောကျာ်းလေးများကိုလည်း အခုလိုများ ဆိုးတတ်သေးလားမသိ။ မရဏဖွားဆိုသူက အရမ်းဆိုးပါသည်။ မျက်ရည်ကျလောက်သည်အထိ အနမ်းပေးတတ်၏။