အခန်းကြီးတစ်ခုထဲဝယ် မှောင်မဲလျက်သား။ အလင်းရောင်သေးသေးလေးသာ ဖြာကျနေပါသော ဂိုဒေါင်ပျက်ကြီးပမာ အခန်းကြီးတစ်ခု။
ရင်လေးတစ်ယောက် ခုံလေးတစ်ခုပေါ်ထိုင်ကာ ကြိုးတုပ်ခံထားရသည်။ ခေါင်းငိုက်စိုက်ကာကျနေပုံထောက် သတိလစ်နေဆဲဖြစ်မည်။ခပ်ဝါးဝါးမြင်နေရသော ခပ်ရေးရေးအရိပ်လေးတစ်ခု။ ဝမ်းဗိုက်အတွင်းမှ အောင့်မြတ်ကာနာကျင်နေမှု လက်နှစ်ဖက်အား ကြိုးချည်ခံထားရသယောင် နည်းနည်းလေးမှ လှုပ်ရှား၍မရပေ။
မှုဝါးနေသောမျက်ဝန်းများကို အားပြုကာရှေ့ကိုကြည့်လိုက်မိ၏။"ဘယ်သူလဲ..."
"တကယ်မသေသေးဘူးလား ရွှေရင်ငြိမ်း..."
"ခင်ဗျား ဘယ်သူလဲ..."
"တို့ဘယ်သူလဲ...ဟားဟား...တကယ်မသိတော့ဘူးလား..."
အမျိုးသမီးတစ်ယောက်၏အသံဖြစ်နေသလို
ဘယ်လိုအမျိုးသမီးမျိုးက ဤသို့ဖမ်းချုပ်လျက် ဒုက္ခပေးနိုင်ရတာလဲ။ ဘာရန်ငြိုးများရှိခဲ့ဖူးလို့လဲ။"ကျွန်တော် ခင်ဗျားအပေါ် ဘာအပြစ်လုပ်ထားဖူးလို့လဲ..."
"ဟင့်...တို့တကယ်ပြောပြရမှာလား..."
အမဲရောင်ဇာပဝါဖြင့် မျက်နှာအထက်သို့
အုပ်ထားလေသော ထိုအမျိုးသမီး၏က
ဟန်ကျပန်ကျရယ်နေလျက်။ သူ့အား သေချာမမြင်ရ။ သူ၏အသံကိုတော့ကြားနိုင်ပြီး ရင်းနှီးလေသောအသံလည်းမဟုတ်ပေ။"လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်မယောကျာ်းကိုရှင်ပဲ သတ်ပစ်ခဲ့တာလေ...ကျွန်မအဖေ၊အမေနဲ့အတူ ကျွန်မဘဝလဲသေသွားခဲ့ရတယ်..."
"ကျွန်တော်...ကျွန်တော်လုပ်ခဲ့တာ..."
"ဟုတ်တယ် နင်ပဲ...နင်ကိုယ်တိုင်ပဲ..."
အသံတိတ်နေ၍ အာရုံစိုက်ကာနားထောင်နေမိသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
"ခင်ဗျားပြောတဲ့ ခင်ဗျားယောကျာ်းကဘယ်သူလဲ..."
"ရွှေရင်ငြိမ်း..."
"..."
"နှုတ်ဆက်ပါတယ် ရွှေရင်ငြိမ်း..."
ခပ်ဝေးဝေးမှ ထိုအသံကြားလိုက်ရ၏။ များမကြာမီ ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားတော့သည်။ ဘယ်နေရာသို့ရောက်နေခြင်းလည်းမသိရ။ ဘယ်သူမှန်းလဲမသိရ။
ဘာကြောင့်များဤသို့ပြုမူရသည်ကိုလည်း ရေရေရာရာမပြောပြပေ။ အမှောင်အတိအခန်းကြီးထဲ
ရေရေရာရာဘာမှမသိရ။