ခြံအကျယ်ကြီး၏ အရှေ့တွင်ရပ်နေသူတစ်ယောက်က ခြံထဲမှတစ်ယောက်ယောက်ကိုငေးနေသေည်။ ဘယ်သူတစ်ဦးတစ်ယောက်မှမတွေ့ရသော ခြံကြီး၏ဂိတ်ပေါက်ဝတွင်လည်း ခြံအစော့င်တစ်ယောက်ပင်မရှိချေ။
ထိုအမျိုးသမီးက ခြံရှေ့ဝေလည်ဂျောင်ပတ်လုပ်နေစဥ်မှာပင် အမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့လေ၏။ ထိုလူက ဒါဒါမုန်းဖြစ်နေလေသည်။"ဘယ်သူနဲ့တွေ့ချင်လို့လဲ..."
"အမက ဘယ်သူလဲ..."
"ဒီခြံပိုင်ရှင် မရဏဖွားရဲ့ညီမရွှေရင်ငြိမ်းဆိုတာ တို့ပါ..."
ကိုယ့်ကိုကိုယ် ခြူးညီညီလို့လည်း မပြောဖြစ်ပါ။ ဒါဒါမုန်းဆိုသော နာမည်အရင်းကိုလည်းထုတ်မပြောမိပေ။ ရွှေရင်ငြိမ်းအယောင်ဆောင်ကာ သူစိမ်းကောင်မလေးကိုသာ ကြည့်နေလိုက်ပါသည်။ သူ၏လည်ပင်းအထက်မြင်လိုက်ရသော လောကတ်ပြားတစ်ခု။
မရဏဖွားရှာဖွေနေသော လောကတ်ပြားနဲ့တစ်ပုံစံတည်း။ မရဏဖွားရှာဖွေနေသောလောကတ်ပြားနဲ့ အမျိုးသမီးလေးဆိုတာက
မျက်စိရှေ့မြင်နေရသော စုတ်ချာချာကောင်မလေးလား။"မင်းမှာအကို့ရဲ့လောကတ်ပြား
ဘာလို့ရှိနေရတာလဲ..."ထိုကောင်မလေးကလောကတ်ပြားကို လက်ဖဝါးထဲဆုပ်ကိုင်လို့ ပြုံးပြလာ၏။
"ဒါ...ဒါကြောင့် ကိုမရဏဖွားကိုလာရှာတာပါ..."
လွန်ခဲ့သောနှစ်တွေတည်းက အကိုကသူ၏ပျောက်ဆုံးနေသော လောကတ်ပြားဟု ပြောကာ ရှာဖွေရေးအစီအစဥ်ရှိခဲ့ဖူးသည်။ လောကတ်ပြားပိုင်ရှင်သာ အသက်ရှင်သေးလျှင် သူ၏ကျေးဇူးရှင်မို့ အိမ်ဦးခန်းတင်ထားမယ်ဟုပင် ပြောပြခဲ့ဖူး၏။
ဒါကဘာအကြောင်းလဲ ဒါဒါလဲသိချင်ပါသည်။'ရွှေရင်ငြိမ်း နင်နဲ့ငါရဲ့ရန်ငြိုးတွေမပြယ်သေးဘူး...ငါ့ယောကျာ်းကိုငါပြန်ယူပြမယ်...'
.......
အိမ်တစ်လုံး၏အခန်းအကျယ်ကြီးတွင် တည်းခိုခွင့်ပေးကာ သဘောကောင်းလေသူမှာ ကိုမရဏဖွား၏ညီမ ရွှေရင်ငြိမ်းဟုအမည်ရသူပင်။
ရုပ်ကလေးလှသလောက် သဘောကောင်းသောသူက လိုလေသေးမရှိ စီစဥ်ပေးကာ လိုချင်တာများဖြည့်ဆည်းပေးလေ၏။