Part-10

10K 545 49
                                    

အခန်းထဲဝင်လိုက်သည်နှင့် သူ၏အကျီ၌ချည်ထားပါသော လျော့ကြိုးကိုလျော့ရဲရဲဖြည်ချကာ
အနားသို့ကပ်လာလေသူကြောင့် လန့်ရလေပြီ။
ရေစိုနေသောဆံစများနှင့် မြူဆွယ်ဖျားယောင်းကာ သွေးဆောင်နေပြန်၏။ အကြမ်းနည်းရော၊ အနုနည်းပါ စုပေါင်းလျက်  ကိုယ်တိုင်ခြယ်သထားသော နီနီရဲရဲပန်းချီတို့က အစုတ်လိုက်၊အကွက်လိုက်နှင့် သူ၏တစ်ကိုယ်လုံးအနှံ့တွင်။

"ဘာလုပ်နေတာလဲ ရင်ငြိမ်း..."

"ခင်ဗျားနဲ့အိပ်မလို့လေ..."

"မင်းငါနဲ့အရမ်းအိပ်ချင်နေတာလား..."

"အိပ်မယ်...အိပ်ချင်တယ်...ပြီးရင် ကတိအတိုင်းဖေဖေ့ကိုကူညီပြီး ရွှေရင်အေးနဲ့လက်ထပ်ပေး..."

"အကြောင်းပြချက်ကရော..."

"..."

"မထုံတထေးနဲ့ပြန်မဖြေပဲနေရင် စုတ်ပြတ်သတ်အောင်လုပ်သတ်ပစ်မှာနော်..."

"လုပ်ချင်တာလုပ်လို့ရတယ်...စိတ်ကြိုက်သာလုပ်..."

မြွေမကြောက်၊ဖားမကြောက်နဲ့ အကျီကိုဖြည်ချလိုက်သူကြောင့် ဖဲသားအကျီအရှည်လေးက ကြမ်းပြင်ထက်ဝယ် ပြိုကျ၏။ စိတ်အစဥ်မှာ မပြိုနိုင်ပဲပိုမိုကာ မတ်လို့မာန်တင်းလာတော့ ကျောကော့ကာရပ်ပြီး အသက်ပြင်းပြင်းပင်မရှူနိုင်တော့ပြီ။

"စောက်ခွက်လာမပြောင်နဲ့နော် ရင်လေး...
ပြောင်တာ ဖင်ပဲကောင်းတယ်..."

"အခုအကုန်ချွတ်ထားတယ်လေ ခင်ဗျားလုပ်ချင်တာ လုပ်လို့ရပြီ လာလုပ်လိုက်တော့..."

ကုတင်ပေါ်အထိလက်ဆွဲကာ သူနှင့်အတူ ယှဥ်တွဲလို့ထိုင်ခိုင်းလာ၏။ စိတ်တိုနေသောဒေါသတို့က ကြက်ပျောက်၊ငှက်ပျောက်အဝေးသို့ လွင့်စဥ်သွားရ​ြပီ။ ရယ်ချင်စိတ်ကိုထိန်းကာ မျက်နှာပိုးကိုတည်တင်းထားရခြင်းကလည်း မလွယ်ကူလှပေ။

"အခု ရင့်ကိုကိုင်မှာလား ..."

"..."

"နမ်းမှာလား...
နှုတ်ခမ်းထော်ပေးထားမယ်နော် အွန်း..."

လက်ကိုလည်း သူ၏ရင်ဘတ်ပေါ်တင်ထားလေသလို။ များမကြာမီသူ၏နှုတ်ခမ်းကိုလည်း တစ်တောင်လောက်ထော်ပေးကာ စိန်ခေါ်နေပြန်၏။

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now