ကားပေါ်မှဆင်းလိုက်ရုံဖြင့် လူအများ၏ စူးစိုက်ကာကြည့်နေမှုများကို မြင်နေရလေသည်။ အဖြူရောင်ဆံနွယ်အရှည်များကို
ကျော်လည်အထိဖြန့်ချထား၍များလား။
အလုပ်ဝင်ချိန်နောက်ကျနေ၍ လုပ်ဖော်ကိုင်ဖက်တို့စိတ်ဆိုးနေခြင်းဟု ထင်ရအောင်လည်း မိမိရဲ့ဂျူတီချိန်မှာ နံနက်၁၁နာရီမှသာဖြစ်လေသည်။မတွေးတတ်တော့သည့်အဆုံး အပြုံးရိပ်လေးနှုတ်ခမ်းထက်တင်လျက်သာ ဋ္ဌာနရှိရာသို့ လျှောက်လှမ်းရတော့သည်။ မတတ်နိုင်ပေ။ လမ်းတစ်လျှောက်လည်း လူအများ၏အာရုံစူးစိုက်မှုနှင့် အတင်းစကားတို့ကြားလိုက်ရပြန်၏။
"ဟဲ့...အဲ့ဒီကောင်လေးလေ...
နာမည်က မုန့်လက်ဆောင်းဆိုလား...""ဟမ်..."
"Art ဋ္ဌာနကလို့ပြောတာပဲ...
သေချာမသိဘူးဟ..."ဖြတ်သွားရင်းတွေ့သော အမျိုးသမီးနှစ်ဦး၏စကားကြောင့် မျက်မှောင်ကြုတ်ကာ သူတို့ရှိရာသို့မသိမသာကြည့်လိုက်မိ၏။ ကိုယ့်ကိုမြင်လိုက်သည်နှင့် ပြာပြာသလဲထွက်သွားကြသူများကြောင့် တစ်ခုခုထူးခြားမှုဖြစ်
နေတာများလား။"ရင်ငြိမ်း..."
"ဟုတ်ကဲ့ အမ..."
"အမတို့ ရုံးကလူတွေ ဝက်ရူးပြန်နေကြတာလားလို့ မမေးတော့ဘူးလား..."
"မထင်ပါဘူး...မထင်ပါဘူး...
ကျွန်တော်ကအတင်းပြောနေကြတာပဲဆိုပြီး လျစ်လျူရှုခဲ့မိတာပါပဲ..."မျက်စောင်းထိုးကာနှုတ်ခမ်းမဲ့သွားသော ကိုယ့်ဋ္ဌာနမှအမကြီးများ။ ခင်မင်လာတာဖြင့်အလုပ်စလုပ်စဥ်တည်းကပေမို့ မောင်နှမလိုလင်မင်ခဲ့ကြ၏။
အခုတော့ဘာရယ်ကြောင့်များ မခေါ်မပြောချင်ကြတော့တာလဲ။"ရော့...နင့်အတွက်တဲ့..."
ဝက်ဝံရုပ်ကြီးမှာ လူတစ်ရပ်မက ကြီးနေ၏။
အရုပ်ကြီးမှာကြီးလွန်း၍ ကိုယ်တိုင်လည်းသယ်နိုင်မည်မဟုတ်။လက်ဆောင်ရသောပစ္စည်းထက် လက်ဆောင်ပေးသူအကြောင်း တွေးနေရ၍ ပြုံးနေရုံတင်မက ဝမ်းသာပီတိဖြာနေသော စိတ်ဝိဉာဥ် လိပ်ပြာငယ်လေးကလည်း ပျံကာ၊ ပျံကာ နှလုံးသားထက်ဝယ်နားခိုနေသည်။