သေဆုံးပြီးသူများသွားရပါသောနေရာတစ်ခုတွင် Lucasလည်းရောက်နေ၏။ ဘဝတစ်ပါးသို့ကူးခတ်ရလေမှာမို့ ကူးတို့ဆိပ်၌ရောက်နေသေည်။ အဆိပ်မိ၍သေခဲ့သူမို့ထင် ဖြူပြာနေသောခန္ဓာကိုယ်နှင့်အတူ တံတားကြီးတစ်စင်းပေါ်၌ ဖြတ်သန်းလမ်းေလျှာက်နေသည်။ လူပေါင်းများစွာကလည်း တံတားအထက်၌ ကူးတို့ဆိပ်သို့လျှောက်နေကြ၏။ အားလုံးကသေဆုံးပြီးသားဝိဉာဥ်များပေ။
'ဘဝတစ်ပါးမှကြိုဆိုပါတယ်'ဟူသော
ဆိုင်းဘုတ်ကြီးကိုကြည့်မိပြီး၍ထင် Lucas ပြုံးလိုက်ေလ၏။ ဆိုလိုရင်းအဓိပ္ပါယ်ကိုသူ့ဘက်မှ ရှင်းလင်းစွာ သိနိုင်ခဲ့လေပြီမို့ထင် မျက်နှာထက်မှ အလွမ်းတွေကိုနာနာကျင်ကျင်ဖုံးဖိထားလေသည်။"Lucas ထျန်..."
"ရှိပါတယ်..."
"တစ်မတ်စိပေးပါ...လှေပေါ်တက်တော့ သင်အခုသေဆုံးပြီးပါပြီ...ဘဝကူးကောင်းပါစေ
Lucasထျန်..."ပါးစပ်ဟလိုက်ရုံဖြင့် သူ၏နှုတ်ဖျားမှ တစ်ကျပ်စိ၊တစ်စိထွက်လာလေ၏။ တစ်ထောင်တန်လိုချင်လိုက်တာဟု ရွှတ်နောက်နောက်
စနောက်လိုက်သူ၏လက်ထဲ၌ တစ်ထောင်တန်ငွေစက္ကူတစ်ရွက် လက်ထဲ၌ရောက်နေလေပြီ။"တရုတ်ရိုးရာအတိုင်းမင်းရဲ့မိသားစုမင်းအတွက်ငွေစက္ကူတွေမီးရှို့ပေးခဲ့တယ်ထင်တယ် မင်းကချမ်းသာတဲ့မျိုးရိုးကပဲမဟုတ်လား..."
ကူးတို့ဆိပ်မှအနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်မှာလက်တောင်ခတ်နေရင်း အကျိုးအကြောင်းရှင်းပြလာလေ၏။
ခြူးညီနဲ့သားလေးက ကောင်းမှုတွေပြုပေး၍ဖြစ်မည်။ တစ်ခြားသောသေဆုံးပြီးသူများနဲ့မတူလေပဲ မိမိမှာမူကွဲလျက်တောက်ပနေသည်။"မီးအိမ်ထွန်းပြီး လှေပေါ်တက်တော့ Lucasထျန်...မင်းရဲ့မိသားစုက မင်းအတွက်မီးရှို့ပေးထားတဲ့ပိုက်ဆံတွေနဲ့ ရွှေငွေတွေရှိတယ်... ကုသိုလ်တွေလည်း မင်းမှာရှိမှာပေါ့...နောင်ဘဝမှာ ပျော်ရွှင်ပါစေ Lucasထျန်..."
"ခင်ဗျားက သေမင်းဆိုတာလား..."
"ကျုပ်ကလှေမှူးပါ၊ ဟိုမှာမြစ်စောင့်နတ်၊ ဟိုဘက်ကတစ်ယောက်က တမလွန်နဲ့လူ့ပြည်ကြားကတံတားမှာစောင့်ရတဲ့ တံတားမှုး၊ သေမင်းဆိုသူေတွက ဒီနေရာကို လူပို့ပြီးပြန်ရုံပဲ... ကျုပ်တို့ မရဏမင်းကတော့
လူ့ပြည်ခဏထွက်သွားတယ်...နေပါဦး
ငါကရော မင်းကို ဘာလို့ဒါတွေရှင်းြပ ပြောပြနေမိတာလဲ..."
![](https://img.wattpad.com/cover/311335674-288-k818255.jpg)