ခြူးညီညီအယောင်ဆောင်ထားသော ဒါဒါမုန်းက
ဘေးမှဆေးပိုက်တန်းကိုဆွဲလျက် မျက်လွှာချကာလမ်းလျှောက်နေ၏။မရဏဖွားနှင့်ဖုန်းပြောပြီးနောက် ပြေးလွှားနေသောဆရာဝန်များကို ဆေးရုံရဲ့VIPအခန်းတစ်ခုအနား တွေ့နေရ၏။ ရှုတ်ရှုပ်ခတ်နေပါသော ထိုနေရာကိုကျော်ကာ လသာဆောင်အနားသို့သွားရင်း လေညှင်းခံနေမိသည်။
'သူတစ်ပါးမိသားစုကိုဖျက်ဆီးခဲ့လို့ ငါ့မိသားစု ပျက်စီးရတာလား... '
အတွေးတို့ကရောက်တတ်ရာရာ။ ရွှေရင်ငြိမ်းနှင့်မရဏဖွားတို့၏ မိသားစုကိုဖျက်ဆီးပစ်ခဲ့ခြင်းက မတရားသဖြင့်ရက်စက်တယ်လို့ဆိုလျှင် အဖေနဲ့အမေသေခဲ့ရပြီး မိသားစုဘဝပြိုပျက်ခဲ့ရသော ကျွန်မအား လောကကြီးကလက်စားချေခွင့်မပေးတာ တရားပါသလား။
မဂ်လာပွဲပျက်၊ အဖေသေ၊ အမေသေ၊
အသက်၁၈နှစ်ကျော်ကျော်ကောင်မလေးတစ်ယောက် သတို့သားလောင်းက မဂ်လာပွဲမှာထွက်ပြေးသွားတဲ့အကြောင်းကလည်း သတင်းစာထဲပါလာလို့ တစ်နိုင်ငံလုံး
ဟိုးလေးတကြော်ကြော်။
အခုတော့သားလဲသေပြီ။
ယောကျာ်းကလဲအနားမှာမရှိ။ဟိုးအဝေးဆီမှ မြင်နေရပါသော နေဝန်းကြီးနီနီကိုကြည့်ကာငေးနေမိသည်။ သုံးဆယ့်နှစ်ထပ်တိတိမြင့်မားသော တိုက်ကြီး၏အောက်ခြေကလည်း မှုန်မှုန်ဝါးဝါး။ ဟိုးအောက်ခြေကိုသာ ပြုတ်ကျပါလျှင် သေစေနိုင်မလား။ ခုန်ချဖို့အထိအတွေးများနဲ့ ဝရန်တာရဲ့ဘောင်ပေါ်သို့တက်ရန်ပြင်နေမိသည်။
"ဟီးဟီး... ခိခိခိ..."
အမျိုးသမီးတစ်ဦး၏ရယ်သံမှာ ထင်ထင်ရှားရှားပေါ်လာခဲ့၏။ မိမိဘေးတွင်ရပ်နေလေသော သူ၏ မျက်နှာမှာလည်း အနာကြီးတစ်ခုဖြင် စုတ်ပြတ်သပ်နေ၏။ သူ၏လက်ထဲတွင်လည်း ပတ်တီးလိတ်ကြီးတစ်ခုနှင့်အတူ ဆေးရုံအကျီဝတ်ထားလေ၏။
"ရှင် ဒါဘာလုပ်မလို့လဲ..."
ဝရံတာဘောင်ပေါ်သို့ ကိုယ့်ထက်ဦးအောင်တက်ကာ ရယ်နေလေသူကိုကြည့်ပြီး သုံးသပ်မိလေ၏။
စိတ်မကျန်းမာသူတစ်ဦးဖြစ်လိမ့်မှာ အသေအချာဟူ၍။ သူမ၏ မျက်နှာကိုလည်း မြင်ဖူးနေသလိုလိုပင်။
YOU ARE READING
ကမ္ဘာတည်သ၍ (Completed)
Roman d'amourငါ့အနားကထွက်သွားချင်ရင်၊ ငါသေမှရမယ် ရင် #မရဏဖွား