At Polandနိုင်ငံ,
မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့သို့အလည်အပတ်သွားရန် ပြင်ဆင်နေမိ၏။
မွေးသဖခင်ကျေးဇူးရှင်မှာ ချင်းလူမျိုးတစ်ယောက်ဖြစ်နေပြီး မိခင်မှာ ပိုလန်နိုင်ငံသူ ပြင်သစ်လူမျိုးတစ်ဦးဖြစ်လေ၏။ လေယောဥ်လက်မှတ်လေးကိုင်ကာ မာမီရှိရာ သန့်စင်ခြင်းခန်းမသို့ တက်လာခဲ့မိ၏။မာမီကွယ်လွန်ခဲ့သည်မှာ လွန်ခဲ့သောနှစ်နှစ်ခန့်ကပင်။ အမွေများလက်လွှဲယူခွင့်ရခဲ့သည့် ယခုအခါတွင်သေတမ်းစာထဲပြောထားသော စကားများကြောင့် ချင်းပြည်နယ်သို့သွားရမည်သာ။
ချင်းပြည်နယ်ရှိဖေဖေ့အပိုင်အိမ်တော်ကြီးထဲမှ ဖေဖေ့အုတ်ဂူလေးဘေးတွင် မာမီက သူ့အတွက်နေရာလေးလုပ်ပေးရန်နှင့်မှာခဲ့သည်။ အရိုးပြာကိုမြုပ်နှံပေးဖို့ပင်။ သူကဖေဖေ့အနားနေချင်သည်ဟုပြောထားခဲ့၏။မေမေ့သေတမ်းစာထဲတွင် Uncle Min ကိုခွင့်လွှတ်ပါဟုလည်း ပြောခိုင်းထားသေးသည်။
Uncle Minဆိုသောအမျိုးသားကြီးမှာ မိမိအသက်ဆယ်နှစ်ခန့်လောက်က အိမ်သို့ရောက်လာခဲ့သောမာမီ့၏အသစ်စက်စက် နောက်အိမ်ထောင်တစ်ဦးသာ။"မာမီ့ ဘဝငြိမ်းချမ်းသွားပါပြီ အာမင်..."
ယေရှူ့ရှိရာ သန့်စင်ခန်းမ၏ ဝတ်ပြုအဆောင်ခန်းထဲတွင် မြင်လိုက်ရသောဝှီးချဲကြောင့်မေးစမ်းမိ၏။ ခေါင်းငြိမ့်ပြလာ၍ ထိုအမျိုးသားကြီး၏ဘေးသို့သွား၍ရပ်လိုက်သည်။
"Uncle Min ဒီရောက်နေတာလား..."
မာမီ့အားအရိုအသေပေးပြီး ဝှီးချဲထက်မှလူသားအားကြည့်လိုက်မိ၏။ မျက်ရည်များကျနေလျက်။ သူ၏ပေါင်ပေါ်မှ အဝတ်အပိုင်းစလေး၏အထက်ဝယ် အဖြူရောင် စာအိတ်လေးများတွေ့လိုက်ရ၏။ ဖြတ်တောက်ထားရသောခြေထောက်များကြောင့် အဝတ်စကိုသုံးပြီးသာ ဖုံးအုပ်ထားခဲ့ရခြင်းပေ။
"Union Republic of Myanmar..."
အသံကြောင့် မော့ကာကြည့်လာသောအမျိုးသားကြီးက ပြုံးပြလာကာ မျက်ရည်များကိုထုတ်လွှတ်ဖို့လဲမမေ့လျော့သေးပေ။
"Lucas... အန်ကယ်မင်းကိုသားတစ်ယောက်လိုထိန်းကျောင်းပေးခဲ့တယ်မဟုတ်လား..."