၅နှစ်ကျော်ကြာပြီးနောက်,
ခမ်းနားထည်ဝါလှသောနှစ်ထပ်တိုက်အိမ်ကြီးတစ်ခုရှိ၏။ အိမ်ရှေ့မှရေကူးကန်ကြီးနှင့် အဖြူနှင့်အပြာရောစပ်ထားသော အရောင်သုတ်ဆေးများကပင်
အဖိုးကြီးမှန်းသိသာနေသည်။ကားစင်ဝင်အောက်၌ရပ်ထားလေသော ကားနှစ်စီးရှိပြီး ကားဂိုထောင်ထဲ၌ အနက်ရောင်ကားတစ်စီးက လဲလျောင်းလျက်။ အဆင့်အတန်းမြင့်ကာ လူချမ်းသာလူတို့နေထိုင်သည့်နေရာတစ်ခုမှန်း မြင်ရုံဖြင့်သိနိုင်သည်။
လူတကာအားကျပြီးနေချင့်စဖွယ်ကောင်းလေသောအိမ်ကြီးမှာ ရင်ငြိမ်းဟု အမည်ရသော မိမိအတွက်တော့ငရဲတမျှသာသာ။အိမ်အကူမှမွေးသောသားမို့ နေရာပေးမခံရခဲ့သလို။
မိခင်ဖြစ်သူမှာလည်း အိမ်နောက်ဖေး၌သာအချိန်ကုန်နေပြီး မိသားစုကြီးမှလူများကိုစောင့်ရှောက်ပေးနေရ၏။ ချက်ပြုတ်ကျွေးကာ ဝေယျာဝတ္တစများလုပ်ပေးနေရသည့်တိုင် မွေးသဖခင်မှာ မေမေ့ကိုဆိုလျှင်အကောင်းမပြောခဲ့ပါ။မိမိကိုဆိုလျှင်လည်း မွေးမလာသင့်သောသားဟုဆိုပြီးသာ အမြဲတစေမုန်းတီးနေခဲ့၏။
နှိပ်စက်ခြင်းများစွာဖြင့်လည်း နှိပ်စက်ခဲ့သည်။စိတ်သောကပေးကာနှိပ်စက်၍မရလျှင် ကာယကံမြောက်ရိုက်နှက်သည်။
ဝစီကံမြောက် မေမေ့အပေါ်ဆဲဆိုပြီး ပြစ်တင်ကြိမ်းမောင်း၏။ မေမေ့အား ကိုယ်ဝန်မဆောင်နိုင်ရန် တားဆေးတွေတိုက်ခဲ့၏။ မေမေနှင့်အိပ်စက်နေသည့်တိုင် ခိုး၍တွေ့နေခဲ့ရသည့်တိုင် သူ,သူမအား မချစ်ခဲ့ပါ။
အိမ်ကလူတွေကို ပြန်ပြောရင်ရိုက်မှာနော်ဟုလည်းဆိုခဲ့သလို တောမှတက်လာသောမေမေသည်လည်း တစ်ကောင်ကြွက်ဘဝနှင့်ကူရာကယ်ရာမဲ့ ဤအိမ်ကြီး၌သာနေခဲ့ရသည်။ကိုယ်ဝန်တားခဲ့သည့်ကြား၌လည်း ကံအကျိုးပေးမကောင်းသော မေမေ့အတွက် မိမိလိုသန္ဓေဆိုးကို မွေးဖွားပေးဖို့ရာ ဖြစ်တည်လာခဲ့လေ၏။
ကိုယ်ဝန်ရှိခဲ့သောအခါ၌လည်း ဖေဖေကိုယ်တိုင်က
သူနဲ့ရသောကလေးမဟုတ်ဟုဆိုကာ ငြင်းဆန်ပြီးနောက် ဘာမှမသိသောမေ့မေ့အား ကိုယ်ဝန်ပျက်ကျစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆေးတိုက်သည်။
![](https://img.wattpad.com/cover/311335674-288-k818255.jpg)